Pages

12.3.15

ထွက်ပြေးသွားသည့် ဗကသများ KIA ၊ TNLA ၊ ဖုန်ကြားရှင်တပ်ဖွဲ့တို့နှင့် ပေါင်းကာ အဖျက်အမှောက်များ လုပ်မည် ဟု သတင်းများ ထွက်ပေါ်

သပိတ်စစ်ကြောင်းများကို ဖြိုခွင်းပြီးနောက် ထွက်ပြေးသွားသည့် ဗကသများသည် KIA ၊ TNLA ၊ ဖုန်ကြားရှင်တပ်ဖွဲ့တို့နှင့် ပေါင်းကာ အဖျက်အမှောက်များ လုပ်မည် ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။


အဖမ်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်နေသော ဗကသ ခေါင်းဆောင် ကျော်ကိုကိုသည် KIA ၊ TNLA ၊ ဖုန်ကြားရှင်တပ်ဖွဲ့တို့နှင့် မူလကတည်းက ဆက်သွယ်ထားပြီး ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ပြောင်းလဲကျင့်သုံးရန် စီစဉ်ထားကြောင်း သိရသည်။

လက်ပံတန်းသပိတ်စခန်းသို့ ရောက်ရှိလာခဲ့သော KNPP တပ်ဖွဲ့ဝင်တစ်ဦးမှာ TNLA မှတစ်ဆင့် KIA နှင့် ဖုန်ကြားရှင်တို့နှင့် အချိတ်အဆက် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကောင်တွေ လာပြန်ပြီလား။ ရန်ကုန်နဲ့ မြို့ကြီးပြကြီးတွေကို ဟိုလုပ်ဒီလုပ် လုပ်နေမှလား။ သတ္တိတော့ တစ်စက်မှမရှိ၊ ကျန်တဲ့ ကျောင်းသားအစစ်တွေ သနားစရာ။ သူတို့က ထွက်ပြေးလိုက်တာ အရိပ်တောင် မမြင်ရဘူး။ တကယ်တမ်း ခံရတော့ မသိနားမလည်တဲ့ ကျောင်းသားလေးတွေပဲ။ သူတို့က ထွက်ပြေးပြီး လှုံ့ဆော်နေတာ။ ဒီကောင်တွေ အကုန်လုံး ဖမ်းဆီး ထောင်ထဲ ထည့်ထားမှ အေးမှာ။ အလကား တိုင်းပြည် မတည်ငြိမ်အောင် လုပ်နေတာ” ဟု ကျောင်းသားမိဘတစ်ဦး ဖြစ်သည် ဦးထွန်းအောင်က ပြောသည်။

“ကျော်ကိုကိုတို့ နန္ဒစစ်အောင်တို့ အောင်မှိုင်းဆန်းတို့ဆိုတာ ကျောင်းသားမှ မဟုတ်တာ။ ကျောင်းသားအဖေတွေ ဖြစ်နေပြီ။ ကျောင်းသားကို အသုံးချပြီး တိုင်းပြည် ဖရိုဖရဲ ဖြစ်အောင်လုပ်နေတာပဲ။ အခုလို အကြမ်းဖက်မှုတွေ လုပ်လာမယ် ဆိုရင်တော့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းလို့ ပဲ ပြောချင်ပါတယ်” ဟု မြန်မာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုမင်းခေါင်က ပြောသည်။

ဆယ်တန်းဖြေဆိုသည့်ကာလအတွင်း လုံခြုံရေးအထူးဂရုပြုမည် ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
Credit to>>>Myanmar Liberal Nationalist

No comments:

Post a Comment