Pages

21.5.15

"အကြွေးဝယ်ကတ်တွေ ပြန်သုံးရဦးမည်"

ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၁၀ စုနှစ်တစ်ခုကျော် အချိန်အတွင်း အကြွေးဝယ်ကတ်စနစ်ကို
ကမ္ဘောဇဘဏ်မှ ပထမဆုံးအကြိမ် ပြန်လည်စတင်မည်ဖြစ်သည်။


ယင်းအကြွေးဝယ်ကတ်သည် ပြည်တွင်းရှိ အေတီအမ်စက်များနှင့် အရောင်းဆိုင်များရှိ POS စက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

အကြွေးဝယ်ကတ်အသုံးပြုလိုသူသည် ဘဏ်၌ ချေးငွေ၊ အပ်ငွေစာရင်း ဖွင့်လှစ်ထားသူဖြစ်ရမည်။ ထို့အပြင် အကြွေးဝယ်ကတ်ဖြင့် အသုံးပြုထားသော ငွေပမာဏကို ဘဏ်က သတ်မှတ်ထားသည့် လစဉ်လတိုင်း၏ ၁၅ ရက်နေ့တွင် ပိုင်ရှင်၏ စာရင်းမှ ပေးချေရမည်ဖြစ်သည်။

ဘဏ်နှင့် ပုံမှန်ဆက်သွယ်သည့် ဖောက်သည်မဟုတ်သူများက ကတ်အသုံးပြုလိုလျှင် ဘဏ်နှင့် လက်ရှိ ကမ္ဘောဇဘဏ်မှ ချေးငွေ (သို့မဟုတ်) အပ်ငွေစာရင်းပိုင်ရှင်များ အာမခံပေးလျှင် အကြွေးဝယ်ကတ်လျှောက်ထားနိုင်သည်။

အကြွေးဝယ်ကတ်ဖြင့် အသုံးပြုထားသော ငွေကြေးများကို ကတ်ပိုင်ရှင်မှ ပေးချေနိုင်ခြင်းမရှိခဲ့လျှင် အာမခံပေးသူမှ ယင်းငွေကြေးများကို ပေးဆောင်ရမည်ဟု ဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit to>>>7Day News

No comments:

Post a Comment