
မြန်မာ-လာအိုချစ် ကြည်ရေးတံတားအနီးရှိ ကျိုင်း လပ်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ရန် မေလ ၁၁ ရက်တွင် ပြုလုပ်သည့် ကျိုင်းလပ်ဒေသဖွံ့ဖြိုးရေးအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ချစ်ကြည်ရေးတံ တားသည် လာအိုနိုင်ငံအနောက် မြောက်ပိုင်းမှ ဗီယက်နမ်နိုင်ငံ အထိ ဆက်သွယ်၍ သွားလာနိုင် မည်ဖြစ်သည့်အတွက် ကူးသန်း ရောင်းဝယ်ရေးနှင့် ခရီးသွားလာ ရေးအတွက် မလွဲမသွေအထောက်အကူပြုလာမည်ဟု နိုင်ငံတော်သမ္မတက ပြောကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။
ထို့ကြောင့် ယခုကတည်းက စနစ်တကျဖြင့် ပြင်ဆင်ရန် လိုအပ်ပြီး မြို့ပြဖွံ့ဖြိုးရေးအတွက် စီမံကိန်းကို အမြန်ဆုံးရေးဆွဲကာ လိုအပ်သည့် ကုန်စည်စစ်ဆေးရေးစခန်း၊ တည်းခိုခန်းနှင့် နောက်ပိုင်းတွင် ဟိုတယ်ကြီးများအထိ လျာထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ မှာ ကြားချက်များအနက် စာသင် ကျောင်း၊ ဈေး၊ ဆေးရုံနှင့် တယ် လီဖုန်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ခြင်း၊ လက်ရှိလေ ယာဉ်ကွင်းဟောင်းကို ပထမအ ဆင့် လေယာဉ်ငယ်ဆင်းသက်နိုင် အောင် ပြုပြင်ခြင်း၊ တံတားအ ထက်ပိုင်းနှင့် အောက်ပိုင်းတွင် သင်္ဘောဆိပ်များ တည်ဆောက် ခြင်း၊ လျှပ်စစ်မီးအမြန်ဆုံးရရန် ယာယီလျှပ်စစ်ဓာတ်အားရနိုင်မည့် အစီအမံတို့ကို ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း သိရသည်။
မြို့ပြစီမံကိန်းတည်ဆောက် ရာတွင် လယ်ယာမြေနှင့် စိုက်ပျိုး မြေများ မထိခိုက်စေဘဲ လုပ်ဆောင်ရန် လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆည်များတည်ဆောက်ခြင်းနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ခြင်းတို့လည်း အကောင်အထည်ဖော်ရန် မှာကြားခဲ့ကြောင်း သိရသည်။
Credit to>>>7Day News
No comments:
Post a Comment