Pages

15.6.15

မြန်မာ့လေကြောင်းအတွက် အမေရိကန်က ဘိုးရင်းလေယာဉ်၁စီး ပေးအပ်

 နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)သည် အမေရိကန်ထိပ်တန်းကုမ္ပဏီကြီး General Electric ၏ လုပ်ငန်းခွဲတခုဖြစ်သောGeneral Electric Capital Aviation Services (GECAS)ထံမှ ဆီယက်တဲလ်မြို့ ဘိုရင်းလေယာဉ် လေယာဉ်စက်ရုံ ထုတ် ဘိုရင်း 737 ခရီးသည်တင်လေယာဉ်တစီးကို ပြီးခဲ့သည့် ရက်ပိုင်းက ရယူလိုက်သည်။ MNAအနေဖြင့် ယခုလေယာဉ်ကို နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က GECAS မှ မြန်မာ့ လေကြောင်းအတွက် ဘိုးအင်း ဂျက်လေယာဉ် အသစ် ၁၀ စီး ငှားရမ်းရန် သဘောတူညီခဲ့ကြပြီး ၂၀၁၅ခုနှစ်မှ စတင်ကာအမေရိကန် ဒေါ်လာ သန်း ၉၆၀ တန် ဘိုးအင်း 737-800 လေယာဉ် ၆ စီးနှင့် ဘိုးအင်း 737-8 MAXs လေယာဉ် ၄ စီးကို ၂၀၂၀ ခုနှစ် အတွင်း ပေးပို့သွားမည် ဖြစ်သည်။
Credit to>>>The Irrawaddy

No comments:

Post a Comment