Pages

11.6.15

လူတော် လူကောင်းများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရန် ကော်မရှင်ဥက္ကဋ္ဌ ပြော

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကို မနေ့က ပြုလုပ်သည့် မြန်မာ့နိုင်ငံရေး သင်တန်းကျောင်း (Myanmar School of Politics) သို့ တက်ရောက်ခဲ့သည့် သင်တန်း သားဟောင်း များ တွေ့ဆုံပွဲတွင် တွေ့ရစဉ် (MOI)
လူထုအနေဖြင့် လွှတ်တော် ကိုယ်စားလှယ် များကို ရွေးကောက် တင်မြှောက်ရာတွင် လူတော်လူကောင်းများ ရွေးချယ်ရန် လိုကြောင်း၊ သို့မှသာ လွှတ်တော်အတွင်း အရည်အချင်း ပြည့်ဝသော ကိုယ်စားလှယ်များ ရောက်ရှိပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က မနေ့က နေပြည်တွင် မြန်မာ့နိုင်ငံရေး သင်တန်းကျောင်း (Myanmar School of Politics) ၌ ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲ ဆိုသည်မှာ လူထု၏ အချုပ် အခြာအာဏာကို နိုင်ငံတစ်ဝန်း ပျံ့နှံ့စေရန် ပြည်သူလူထုမှ ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်၍ လွှတ်တော်တွင် အာဏာသုံးရပ် ကို ဆောင်ရွက်စေခြင်း ဖြစ်ကြောင်း၊ အစိုးရဆိုသည်မှာ တဦးတယောက်၏ အစိုးရမဟုတ်ဘဲ အာဏာရပါတီ သာလျှင်ဖြစ်ကြောင်း၊ ပါတီများ အနေဖြင့် မိမိပါတီအာဏာရ ရှိပါက နိုင်ငံတော် တည်ဆောက်ရေး အတွက် မူဝါ ဒများချမှတ်ပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်လို ကြောင်း၊ အတိုက်အခံ ပါတီအနေ ဖြင့် အာဏာရပါတီ ၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ပြီး လိုအပ်ချက် ကို ထောက်ပြ တည့်မတ်ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ အာဏာရပါတီ၏ လုပ်ဆောင်ချက် ကို အဆိုးမြင် ဆန့်ကျင်ပြီး ပူးပေါင်း ဆောင်ရွက်မှု မရှိပါက နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုရှိမည် မဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုကြောင်း အစိုးရသတင်းတွင် ပါရှိသည်။
Credit to>>>The Irrawaddy

No comments:

Post a Comment