
အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး 4HD နှင့် 5 SPECICAL ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် စတင်ပြသပေးမည် ဖြစ်ကြောင်း 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဖျော်ဖြေပွဲ လက်မှတ်များကို ကျပ် ၅၀,၀၀၀ တစ်မျိုးတည်းသာ ရောင်းချပေးမည်ဖြစ်ပြီး လေးဖြူ ၏ တစ်ကိုယ်တော်ဖျော် ဖြေပွဲကဲ့သို့ပင် လက်မှတ်အစောင်ရေ တစ်ထောင်သာ ရောင်းချမည်ဟု ၎င်းကဆိုသည်။
လက်မှတ်များကို ဇွန်လ ၁ ရက်တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း 5 Network Show- room၊ 4 Digital Showroom၊ The Sun Music Production နှင့် 1876 Call Center တို့၌ ၀ယ်ယူနိုင်သည်။
မိနစ် ၉၀စာ ဖျော်ဖြေပွဲကို မေလ ၁၅ ရက်က လေးဖြူ၏တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြင့် စတင်ခဲ့ပြီး လေးဖြူ၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များကို ပရိသတ်များက အားရခဲ့ကြသည်။
သို့သော်လည်း ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသသည့် အစီအစဉ်တွင် ကြော်ငြာများထည့် သွင်းခဲ့သောကြောင့် ရုပ်သံကြည့် ပရိသတ်များက ဝေဖန်ခဲ့ကြ သည်။
ယင်းအစီအစဉ်အတွက် ရုပ်သံလိုင်းဘက်က စက်အသုံးပြု ကြည့်ရှုသူများထံ အပိုကြေး ကောက်ခံခဲ့ခြင်းမရှိဘဲ ဖျော်ဖြေပွဲတစ်ပွဲ၏ ကုန်ကျစရိတ်မြင့်မားသောကြောင့် ကြော်ငြာထည့်ရခြင်းဖြစ်ကြောင်း ဖျော်ဖြေပွဲအစီအစဉ်အတွင်း ကြော်ငြာထည့်ရသည့်အကြောင်းရင်းကို 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူကပြောကြားသည်။
မိနစ် ၉၀ စာ ဖျော်ဖြေပွဲအစီအစဉ်ကို လေးဖြူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြင့်စတင်ခဲ့ပြီး တစ်လလျှင်တစ်ပွဲ ပြုလုပ်သွားမည်ဖြစ်ကာ ဇူလိုင်တွင် မျိုးကြီး၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ၊ သြဂုတ်လတွင် ၀ိုင်ဝိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်မည်ဖြစ်သည်။
Credit to>>>7Day Daily
No comments:
Post a Comment