၂၀၁၅ ခုနှစ်အတွင်း သံလွင်မြစ်အထက်ပိုင်းမှာ တည်ဆောက်သွားမယ့် မီဂါဝပ်
၇,၀၀၀ ထုတ်လုပ်နိုင်သော Mong Ton ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး
ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား နားလည်မှု စာချွန်လွှာကို
လက်မှတ်ရေထိုးသွားနိုင်ခြေရလက်မှတ်ရေးထိုးမှုဟာ မြန်မာအစိုးရမှ Tasang ရေအားလျှပ်စစ်စီမံကိန်းကို ပယ်ချလိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ နိုင်ငံတကာ လျှပ်စစ်စွမ်းအား အာဏာပိုင်အဖွဲ့ (EAGTi) အနေနဲ့ Mong Ton ရေအားလျှပ်စစ် စီမံကိန်းအတွင်း ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင် မှာဖြစ်ပြီး တရုတ်နိုင်ငံပိုင် Three Gorge Corp အနေနဲ့လည်း ထိုင်းနိုင်ငံ နည်းတူ ၄၀ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်သွားမှာဖြစ
တော့ ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားမှာဖြစ်တယ်လိ
Mong Ton ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ဖို့အတွက် အချိန် ၅ နှစ်ကြာမြင့်နိုင်ပါတယ်။ ကနဦး အခြေအနေမှာတော့ မီဂါဝပ် ၇၀၀ လောက် ထွက်ရှိဖို့ ရည်မှန်းထားပြီး အဆိုပါ ပမာဏကို လျှပ်စစ်စွမ်းအင် လျော့နည်း တဲ့ မြန်မာနိုင်ငံကို ပေးပို့မှာဖြစ်ပါတယ်။
ကျန်ရှိတဲ့ မီဂါဝပ် ၆,၃၀၀ ကိုတော့ ထိုင်းနိုင်ငံကို ပြန်လည်ရောင်းချမှာဖြစ်ပြီး
ဇူလိုင် ၁၅ ရက်က ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် MR Pridiyathorn Devakula၊ စွမ်းအင်ဝန်ကြီး Narongchai နဲ့ စွမ်းအင်ဝန်ကြီးဌာနမှ တခြား ထိပ်တန်းအာဏာပိုင်တွေက နားလည်မှုစာချွန်လွှာ ၂ ခုကို မြန်မာလျှပ်စစ်စွမ်း အင်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးတို့နဲ့ လက်မှတ်ရေးထိုးဖို့ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။
လာရောက်လည်ပတ်မှုအတွင်း ၀န်ကြီးတွေဟာ စွမ်းအင် ဖလှယ်ရေး မူဝါဒ အကြံဥာဏ်တွေနဲ့ နှစ်နိုင်ငံ အကျိုး စီးပွားတို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတွေကြား လက်မှတ်ရေး ထိုးခဲ့တဲ့ ပထမ နားလည်မှုစာချွန်လွှာဟာ ရေနံဆိုင်ရာ အကျိုးတူပူးပေါင်းမှုနဲ့ ပတ်သက် တယ်လို့ သိရပါတယ်။
Credit to >>> SFJ News
No comments:
Post a Comment