Pages

9.7.15

သူတို့ ပြည်သူကို ကျောခိုင်းသွားကြပြီလား


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မများအား ဇူလိုင် ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် လျှို့ဝှက်မဲလက်မှတ် စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ လုံလောက်သော ထောက်ခံမဲ မရရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိဘဲ ဇယား (၂) နှင့် ဇယား (၅) တွင် ဖြည့်စွက်ချက် အသစ်များသာ ပြင်ဆင်နိုင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မများအား ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၃ ဦးက ငါးရက်ကြာ ဆွေးနွေးခဲ့ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များက ဥပဒေကြမ်းပါ ပြင်ဆင်ချက်များအပြင် ၎င်းတို့၏ ပါတီသဘောထား ပြင်ဆင်လိုသည့် ပုံစံများကို ဆွေးနွေးခဲ့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမူ ဇယားဖြည့်စွက်ချက်မှလွဲ၍ ကျန်ပြဋ္ဌာန်းချက် အားလုံးကို မူလအတိုင်းသာ ထားရှိရန် အစဉ်တစိုက် ဆွေးနွေးခဲ့သည်။
Credit to >>>Eleven Media Group

No comments:

Post a Comment