အကျဉ်းသား ၇၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေး"
အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသူ၊ အကျဉ်းသား ၆၉၆၆
ဦးအား ယနေ့ (ဇူလိုင် ၃၀ ရက်) တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်များ
ပေးလိုက်သည်။
လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသားများတွင် ထောင်တွင်းကျန်ရှိနေသည့် လက်ကျန်ထောက်လှမ်းရေးအကျဉ်းသားများ
ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လူပုဂ္ဂိုလ်အတိအကျကို ယခုအချိန်အထိ
အတည်မပြုနိုင်သေးပါ။ ထို့အတူ လွတ်မြောက်စာရင်းပါ
နိုင်ငံရေးအကျဉ်းသားစာရင်းကိုလည်း အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။
နိုင်ငံတော်သမ္မတက အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ
ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အရေအတွက်တွင်
နိုင်ငံခြားအကျဉ်းသား ၂၀၀ ကျော် ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်ထားသည်။
Credit to>>>7 Day Daily
No comments:
Post a Comment