Pages
▼
28.8.15
ချင်းပြည်နယ် တွန်းဇံ မြို့ ၏ လက်ရှိအခြေအနေ
ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ယနေ့ မနက်သုံးနာရီက စပြီး မိုးသည်း ထန်စွာ ရွာသွန်းခဲ့တာ ကြောင့် တွီ့ခိန်ဇန်ကျေးရွာ အပေါ်တွင်ရှိသည့် သဘာဝတောင်ပေါ်ရေကန် ရေလျံ ကျိုးပေါက် ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်တွင် တွီ့ခိန်ဇန်ကျေးရွာက အိမ်လေးဆယ်ကျော်၊ ဟားခါးလေးကျေး ရွာက အိမ်ခြေ ငါးဆယ်ကျော် ရေမျောပါပျက်စီးပြီး လူနှစ်ဦးပျောက်ဆုံးနေကြောင်း ကနဦးသတင်းရရှိပြီး ချင်းပြည်နယ်အစိုးရမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကာ အသေးစိတ် သတင်းအချက်အလက်များရရှိက ဆက်လက် အသိပေးသွား မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ၏ ကိုယ်ပိုင် facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တောင်ပေါ်တွင် မိုးကြီး ရေလျံတာကြောင့်ကလေးခရိုင်ထဲ ရှိ နေရဉ္စာမြစ်မှာ ရေတိုး ခဲ့ပြီး ရေနောက်များ စီးဆင်း ခဲ့ခြင်းဖြစ်ကာ ရာဇဂြိုလ်ဆည်မှာ ထိခိုက်မှုမရှိကြောင်း၊ ခိုင်မာမှုရှိကြောင်းသိရသည်။
Credit to >>>Yangon Media Group
No comments:
Post a Comment