ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သော
မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
သြဂုတ် ၂၆ ရက်
ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၂ဝ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့
သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာရာ
ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိစဉ် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်
မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်နိုင်ငံသံရုံး ဒုတိယအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ လာအို
ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်နိုင်ငံ စစ်သံမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စစ်သံမှူးနှင့်ဇနီး၊
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူး နှင့်ဇနီးတို့နှင့်
တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ်
လိုက်ပါသွားကြသည့် ဇနီးဒေါ်သန်းသန်းနွယ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်အေးနှင့် တပ်မတော်အရာရှိကြီးများ
ပြန်လည်လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။
Credit to >>>ကြေးမုံ
No comments:
Post a Comment