Pages

17.8.15

မြေဆီလွှာစစ်ဆေးမှုလုပ်ငန်း ခြောက်ခုအား လိုင်စင်စတင်ထုတ်ပေး


အထပ်မြင့်များတည် ဆောက်ရန် မြေဆီလွှာစစ်ဆေး မှု(Soil Test)လုပ်ငန်းကို YCDC လိုင်စင်ရှိမှသာ ခွင့်ပြုမည်ဖြစ်ရာ လက်ရှိတွင် Soil Test ကုမ္ပဏီခြောက်ခုကိုစတင်လိုင်စင်ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

 လိုင်စင်  ထုတ်ပေးလိုက် သည့် ကုမ္ပဏီခြောက်ခုမှာ မြရာ ပင်၊ CECC၊ UNO၊ Tek Bumi၊ Geo Friend နှင့် AMT ကုမ္ပဏီတို့ဖြစ်ပြီး ယခုနှစ်အတွင်း တည်ဆောက်မည့်  အထပ်မြင့်  အဆောက်အအုံများသည် YCDCခွင့်ပြုချက်လိုင်စင်ပါရှိသည့် အဆိုပါကုမ္ပဏီများနှင့်သာပူးပေါင်းလုပ်ကိုင်ရမည်ဖြစ်သည်။

အဆိုပါ ကုမ္ပဏီ ခြောက်ခုသည် မြေဆီလွှာစစ်ဆေးခြင်းလုပ်ငန်းများအပြင် ဆောက်လုပ်ရေးဆိုင်ရာ အကြံပေးလုပ်ငန်းများ၊ အင်ဂျင်နီယာ လုပ်ငန်းများနှင့်အခြားဆက်စပ်လုပ်ငန်းများ အဓိကလုပ်ကိုင်နေသည့် ကုမ္ပဏီများဖြစ် သည်။

မြေဆီလွှာစစ်ဆေးခြင်းလုပ် ငန်းလိုင်စင်အတွက် လျှောက်ထားမှုများရှိနေပြီးထပ်မံလျှောက် ထားလိုသည့် ကုမ္ပဏီများသည် လည်း  အင်ဂျင်နီယာနှင့်  အ ဆောက်အအုံဌာနတွင် လျှောက် ထားနိုင်သည်။

လာမည့်အောက်တိုဘာ ၁ ရက်မှစပြီး အဆောက်အအုံများ တည်ဆောက်ရန် ဌာနသို့ လာ ရောက်တင်ပြပါက စည်ပင်မှ ခွင့် ပြုချက် လိုင်စင်ရှိသည့် မြေသား စစ်ဆေးကုမ္ပဏီများ၏ တင်ပြချက်ပါမှသာလုပ်ငန်းများလက်ခံ ဆောင်ရွက်ပေးမည်ဟု သတင်း ထုတ်ပြန်ထားသည်။

ယခင်က YCDC သည် အ ဆောက်အအုံများဆောက်လုပ် ခွင့်နှင့် လူနေထိုင်ခွင့်ကိစ္စများကို သာ အဓိကကိုင်တွယ်ပြီး ယခုနှစ် အတွင်းမှသာ ဆောက်လုပ်ရေး လုပ်ငန်းများ၏ အခြားအစိတ်အ ပိုင်းများ စိစစ်ကြပ်မတ်ခြင်းဖြစ်သည်။

ရန်ကုန်တွင် မြေဆီလွှာစစ် ဆေးခြင်းလုပ်ငန်းအရေအတွက် သိရှိရန်နှင့် တစ်စုံတစ်ရာဖြစ်ပါက ကုမ္ပဏီနောက်ခံသမိုင်းကြောင်း များ စည်ပင်တွင်လက်ခံထားရှိနိုင် ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်ကလည်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် ပိုင်ရိုက်သည့် လုပ်ငန်းလိုင်စင်ပါမှ လုပ်ကိုင်ခွင့် ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

Credit To >>> 7Day News

No comments:

Post a Comment