Pages

26.8.15

သံလွင်မြစ်ပေါ်မှ ရေကာတာများ ရှမ်းပြည်နယ်လူထု နှစ်သောင်းကျော်က လက်မခံကြောင်း လက်မှတ်ထိုးပြီး ဩစတြေးလျကုမ္ပဏီထံပေးပို့


 သံလွင်မြစ် ပေါ်တွင် တည်ဆောက်မည့် ရေကာ တာများနှင့်ပတ်သက်ပြီး ရှမ်းပြည် နယ်ရှိ ပြည်သူလူထု နှစ်သောင်း ကျော်က လက်မခံကြောင်းနှင့် ဆန့် ကျင်ကြောင်း လက်မှတ်ရေးထိုးပြီး ရန်ကုန်အခြေစိုက်SMEC ဩစတြေး လျကုမ္ပဏီထံသို့ ဩဂုတ် ၂၅ရက် တွင် ပို့ပေးလိုက်ကြောင်း သိရသည်။
ရှမ်းပြည်သူလူထု ၂၃၇၁ရ ဦး က သံလွင်မြစ်ပေါ်မှ ရေကာတာများ ကို လက်မခံကြောင်းနှင့် ဆန့်ကျင် ကြောင်း လက်မှတ်များရေးထိုးပြီး၊ ရှမ်းလူထုကိုယ်စားလှယ်များက အဆို ပါကုမ္ပဏီသို့ ပို့ပေးခြင်းဖြစ်ကြောင်း ရှမ်းအဖွဲ့၏ ဩဂုတ် ၂၅ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

''ဆန့်ကျင်ရတဲ့အကြောင်းက နေပြည်တော်က သံလွင်ရေကာတာ များတည်ဆောက်ပြီး နိုင်ငံရပ်ခြားသို့ လျှပ်စစ်ပို့မှာဖြစ်တဲ့အတွက် ရှမ်း ပြည်တွင်းက ပြည်သူလူထုတွေက သံလွင်ရေကာတာ တည်ဆောက်မှု ဆန့်ကျင်လက်မှတ်ကို စုပေါင်းကောက် ယူပြီးတော့ သံလွင်ရေကာတာတွေ ကို လက်မခံကြောင်း ပြသရတာဖြစ် ပါတယ်''ဟု ရှမ်းလူထုကိုယ်စားလှယ် တစ်ဦးက ပြောသည်။
သံလွင်ရေကာတာ ဆန့်ကျင် လက်မှတ်ရေးထိုးသူများမှာ သံလွင် မြစ်နှင့် ဆက်စပ်ဒေသများတွင် နေ ထိုင်သူ အများဆုံးပါဝင်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် ယခုနှစ်မှစတင် ကာ အရှေ့တောင်အာရှတွင် အကြီး ဆုံးရေကာတာဖြစ်သည့် ရှမ်းပြည် နယ်အရှေ့ပိုင်း မိုင်းတုံရေကာတာ တည်ဆောက်ရန်အတွက် SMEC ဩစတြေးလျကုမ္ပဏီမှ သဘာဝပတ် ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများ ထိခိုက်မှု စစ်တမ်းကောက်ယူမှုကို လည်းပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ မိုင်းတုံ ရေကာတာသည် အမြင့်၂၄၁ မီတာ ရှည်ပြီး၊ ရေမြုပ်ဧရိယာအကျယ်အ ဝန်း ၆၄၀ စတုရန်းကီလိုမီတာရှိ ကြောင်း သိရသည်။
''သံလွင်မြစ်ဟာ မြန်မာနိုင်ငံ မှာနေထိုင်တဲ့ လူဦးရေ သန်းချီနေ ထိုင်သူတို့ရဲ့ အသက်သွေးကြောများ ဖြစ်တယ်။ အသက်သွေးကြောတွေကို နေပြည်တော်က နိုင်ငံခြားကုမ္ပဏီ တွေကို ရောင်းချပေးဖို့ မသင့်ဘူး''ဟု ကွန်ဟိန်းဒေသခံ နန်းခမ်းနောင့် က ပြောသည်။
မိုင်းတုံရေကာတာတည်ဆောက် ခြင်းနှင့်ပတ်သက်ပြီး စစ်တမ်းကောက် ယူနေခြင်းကို ယခုနှစ်အတွင်း အပြီး သတ်မည်ဖြစ်သော်လည်း ထိခိုက်မှုရှိ နိုင်မည့် မြို့ပြကျေးရွာများကဝိုင်းဝန်း ပိတ်ပင်ဆန့်ကျင်ကြကြောင်း၊ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေ ကာတာကြောင့် ရေနစ်မြုပ်နိုင်သည့် ဒေသများမှာ ကွန်ဟိန်းမြို့နယ် (သို့ မဟုတ်) ကျွန်းတထောင်မြို့နယ်သည် သံလွင်မြစ်လက်တက်ဖြစ်သည့် နမ့် ပန်မြစ်ပေါ်တွင် တည်ရှိခြင်းကြောင့် ရေနစ်မြုပ်နိုင်ကြောင်း သတင်းထုတ် ပြန်ချက်အရ သိရသည်။

Credit To >>> Democracy News

No comments:

Post a Comment