Pages

7.9.15

ပါတီကိုကြည့်၍ မဲပေးမည့်သူ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း 7 Day အွန်လိုင်းစစ်တမ်းတွင် ဖော်ပြ


လာမည့်ရွေးကောက်ပွဲ တွင် ပါတီကိုကြည့်၍ မဲပေးမည် လား၊ အမတ်လောင်းကိုကြည့်၍ မဲပေးမည်လားဟု 7 Day က အွန် လိုင်းစစ်တမ်း ကောက်ယူခဲ့ရာ ဖြေဆိုသူအားလုံး၏ ၈၀ ရာခိုင် နှုန်းခန့်က ပါတီကိုကြည့်၍ မဲပေး မည်ဟု ဖြေဆိုသည်။

သြဂုတ် ၂၃ ရက်တွင် 7 Day New Journal ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် ‘‘နိုဝင်ဘာ ၈ ရက်ရွေး ကောက်ပွဲမှာ သင့်အနေနဲ့ ပါတီ ကိုကြည့်ပြီး မဲပေးမှာလား၊အမတ် လောင်းကိုကြည့်ပြီး     မဲပေးမှာ လားဟု’’    မေးမြန်း  စစ်တမ်း ကောက်ယူခဲ့ရာ ၃,၅၀၃ ဦးက ၀င် ရောက်ဖြေဆိုခဲ့သည်။
ဖြေဆိုသူများထဲမှ ၂,၇၇၉ ဦး ရာခိုင်နှုန်းအားဖြင့် ၇၉ဒသမ ၃၃ ရာခိုင်နှုန်းကျော်က ပါတီကို ကြည့်၍ မဲပေးမည်ဟု ဖြေဆို သည်။ ဖြေဆိုသူများထဲမှ ကိုမျိုး အောင်က ‘‘ပါတီကိုကြည့်ပြီး မဲ ပေးမှာ။ နှစ် ၆၀ ကျွန်ပြုအုပ်ချုပ်ခဲ့ တဲ့ စစ်အာဏာရှင်စနစ်ကျဆုံး သွားရင် ပြီးပြီ’’ဟု မှတ်ချက်ပေး သည်။
ဖြေဆိုသူများထဲမှ ၇၂၄ ဦး
ရာခိုင်နှုန်းအားဖြင့် ၂၀ ဒသမ ၆၆ ရာခိုင်နှုန်းကျော်က လူကိုကြည့် ၍ မဲပေးမည်ဟု ဖြေဆိုသည်။
မဲပေးသူများထဲမှ ကိုဗိုလ် လတ်က ‘‘လူကောင်းမှ မူကောင်း မှာ’’ဟု ဖြေဆိုသည်။
ကိုမျိုးကြီးဆိုသူက ‘‘(၁)ပါတီ၊ (၂) လူကိုရွေးမယ် မြန်မာ တိုင်းရင်းသားစစ်စစ်ဖြစ်ရမယ်’’ ဟု ဖြေဆိုသည်။

Credit To >>> 7Day News

No comments:

Post a Comment