-ရန်ကုန် စတော့အိတ်ချိန်းတွင် မှတ်ပုံတင်မည့် ကုမ္ပဏီများအနေဖြင့်
လျှောက်လွှာ များကို စက်တင်ဘာနောက်ဆုံးပတ် အတွင်း စတင်လျှောက်ထားနိုင်ပြီ
ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (မြန်မာနိုင်ငံ ငွေချေး
သက်သေခံလက်မှတ်လုပ်ငန်း ကြီး ကြပ်ရေး)ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။
အဆိုပါ လျှောက်လွှာခေါ်ယူ ခြင်းနှင့်ပတ်သက်ပြီး UMFCCI ၌ စက်တင်ဘာ ၁၃
ရက်ကကျင်းပသော ရန်ကုန်စတော့အိတ်ချိန်းတွင် မှတ်ပုံ တင်၍ အစုရှယ်ယာ
ရောင်းချခွင့်ပြု မည့် အများနှင့်သက်ဆိုင်သောကုမ္ပ ဏီများ၏အရည်အသွေးသတ်မှတ်
ချက် 'စံ'များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ဒေါက်တာမောင်မောင်သိမ်း က ''လာမယ့်တစ်ပတ်ကျော်လောက် မှာ လျှောက်လွှာတွေကို
သတ်မှတ် ထားတဲ့အရည်အသွေးနဲ့ကိုက်ညီတဲ့ ကုမ္ပဏီတွေအနေနဲ့ လျှောက်ထားနိုင်
ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သတ် မှတ်ထားတာတွေနဲ့ညီအောင်လုပ်၊ မညီသေးရင်
ညီအောင်လုပ်ပြီး လျှောက် ခွင့်ပေးထားပါတယ်''ဟု ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် မှတ်ပုံတင်ပြီး ရှယ်ယာထုတ်ရောင်း
မည့်ကုမ္ပဏီများအနေဖြင့် လျှောက် လွှာတင်ရာတွင် အများနှင့် သက်ဆိုင်
သောကုမ္ပဏီဖြစ်ရမည့် သတ်မှတ်ချက် အပါအဝင် အနိမ့်ဆုံး စံအရည်အသွေး ၁ရ
ချက်နှင့်ကိုက်ညီရမည်ဖြစ်သည်။
''ရှယ်ယာထုတ်ရောင်းမယ့် ကုမ္ပဏီတွေကို
အနိမ့်ဆုံးစံသတ် မှတ်ချက် ၁ရ ချက် တွေနဲ့ပြည်စုံတဲ့ ကုမ္ပဏီတွေကိုပဲ
လက်ခံသွားမယ်။ အကြမ်း အားဖြင့်ပြောရရင် အဲဒီအ ချက်တွေထဲမှ ပုဂ္ဂလိကကုမ္ပဏီတွေ
ကို စဉ်းစားမှာမဟုတ်ပါဘူး။ အများ ပိုင်နဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေ ရဲ့
လျှောက်လွှာတွေကိုပဲ လက်ခံသွား မှာပါ။ အဲဒီကုမ္ပဏီအနေနဲ့လဲ အ
မြတ်အစွန်းအနည်းဆုံး နှစ်နှစ်ရှိရပါ မယ်''ဟု ယင်းက ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ရွေး ကောက်ပွဲကာလပြီးမှသာ စတင်ဖွင့်
လှစ်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြန် မာပြည်မှ အများပိုင်ကုမ္ပဏီ ၂၀၀
ကျော်ကို ဖောင်များပို့ထားပြီဖြစ် ကြောင်း သိရသည်။
Credit To >>> Democracy News
No comments:
Post a Comment