ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့ လာရေးအဖွဲ့ (Europen Union Election
Observation Mission) မှ ရွေးကောက်ပွဲလေ့ လာသူ ၃၀ ကို အောက်တိုဘာ ၁၁
ရက်မှစတင်ကာ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မြို့ပြ၊
ကျေးလက် ဒေသများ သို့ စေလွှတ်လိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပမီနှင့်
ကျင်းပ နေစဉ်ကာလ တစ်လျှောက်လုံး လေ့ လာသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။
ထို့အပြင် ဥရောပသမဂ္ဂ ရွေး ကောက်ပွဲလေ့လာရေးအဖွဲ့မှ ရွေး ကောက်ပွဲကို
ဘက်လိုက်မည်မဟုတ် သလို လုပ်ငန်းစဉ်တွေကိုလည်း ဝင် ရောက်
စွက်ဖက်မည်မဟုတ်ကြောင်း လည်း ထပ်လောင်းပြောကြားလိုက်သည်။
အဆိုပါအဖွဲ့မှ ဒုတိယလေ့လာ ရေးမှူးချုပ် Mark Stevens က ''ရွေး ကောက်
ပွဲကျင်းပဖို့ ၂၈ရက်အလိုမှာ တစ်နိုင်ငံလုံးလွှမ်းခြုံစေမယ့်လေ့လာ သူ ၃၀ ကို
စေလွှတ်လိုက်တာဖြစ်ပါ တယ်။ ရွေးကောက်ပွဲမကျင်းပမီ ရက် ပိုင်းအတွင်း
ကာလရှည်ရွေးကောက် ပွဲလေ့လာသူတွေကို ကာလတိုလေ့ လာသူ ၆၂ ဦးနဲ့ ဥရောပပါလီမန်က
ကိုယ်စားလှယ်အဖွဲ့တို့က ပူးပေါင်း အားဖြည့်သွားမယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကို ဘက်လိုက်မှာမဟုတ်သလို လုပ်ငန်းစဉ်တွေ ကိုလဲဝင်ရောက်
စွက်ဖက်မှာမဟုတ်ဘဲ ဥရောပသမဂ္ဂက နှစ်ပေါင်းများ စွာပြုစုလာတဲ့နည်း
စနစ်အပေါ်အခြေခံပြီး ပြီးပြည့်စုံတဲ့ လေ့လာသုံးသပ် ချက်ကို ပြုလုပ်သွား
မှာပါ''ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပမည့် နိုဝင် ဘာ ၈ ရက်တွင်
နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လေ့လာသူစုစုပေါင်းအင်အား ၁၅၀ နှင့်
လေ့လာစောင့်ကြည့်သွား မည်ဟုလည်းသိရပြီး လေ့လာသုံး သပ်ချက်တွင် ဥပဒေမူဘောင်
များ၊ ရွေးကောက်ပွဲ စီမံအုပ်ချုပ်လုပ် ဆောင်မှုများ၊ နိုင်ငံရေးပါတီနှင့်
ကိုယ်စားလှယ်လောင်းများ၏ မဲ ဆွယ်လှုပ်ရှားမှုများ၊ မီဒီယာများ၏
လုပ်ကိုင်ဆောင်ရွက်မှုများ၊ မဲပေး ခြင်း၊ မဲရေတွက်စာရင်းသွင်းခြင်း၊ ရလဒ်၊
ရွေးကောက်ပွဲအငြင်းပွားမှု များနှင့်ဆက်စပ်သည့် ဖြေရှင်းဆုံး ဖြတ်မှု
စသည့်ရှုထောင့်များ ပါဝင် မည်ဖြစ်ကြောင်းလည်း သိရသည်။
Mark Stevens
ကဆက်လက် ၍ ''အဖွဲ့ရဲ့ပဏာမထုတ်ပြန်ချက် ကို ရွေးကောက်ပွဲအပြီး မကြာခင်မှာ
ထုတ်ပြန်ပေးမှာဖြစ်ပြီး အနာဂတ်ရွေး ကောက်ပွဲတွေအတွက် နည်းစနစ်ပိုင်း
ဆိုင်ရာ အကြံပြုချက်တွေပါဝင်တဲ့ အပြီးသတ်အစီရင်ခံစာကို နောက် ပိုင်းမှာ
ထုတ်ပြန်ပေးမယ်''ဟု ပြောသည်။
အဆိုပါလေ့လာရေးအဖွဲ့ကို
ဥရောပပါလီမန်ဒုတိယဥက္ကဋ္ဌ ဂျာမနီ နိုင်ငံလေ့လာရေးမှူးချုပ် Alexander Graf
Lambsdorff က ဦး ဆောင်သွားမည်ဖြစ်ပြီး ပြည်ထောင်
စုရွေးကောက်ပွဲကော်မရှင်နှင့် နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
ထားကြောင်း သိရသည်။
Credit To >>> Democracy News
No comments:
Post a Comment