Pages

31.10.15

ပြည်ခိုင်ဖြိုး ရင်ထိုးဖြင့် သမ္မတကို ကြိုခဲ့သော သူနာပြုကျောင်းသူများ သတိပေးခံရ

   
   နိုင်ငံတော် သမ္မတ၏ ဧရာဝတီတိုင်း ဒေသကြီး ခရီးစဉ်တွင် ပြည်ခိုင်းဖြိုးပါတီ စတစ်ကာ ရင်ထိုးများ ကပ်ကာ ကြိုဆိုခဲ့သော သူနာပြု ကျောင်းသူများကို ပုသိမ် ဆေးရုံအုပ်ကြီးရုံးမှ တာဝန်ရှိသူများက သတိပေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

          အောက်တိုဘာလ (၂၉)ရက်နေ့က နိုင်ငံတော် သမ္မတကို ကြိုဆိုရန် စောင့်ဆိုင်း နေစဉ်အတွင်း ပုသိမ်မြို့ သူနာပြု သင်တန်းကျောင်းမှ ကျောင်းသူ များသည် ပြည်ခိုင်ဖြိုး စတစ်ကာများကို မိမိတို့၏ အင်္ကျီနှင့် ပါးများတွင် ကပ်ထားသလို ပြည်ခိုင်ဖြိုး ပါတီ အလံများကိုလည်း ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့ရသည်။
          ယင်းကဲ့သို့ စတစ်ကာများ ကပ်ကာ စောင့်ဆိုင်းနေပုံများကို သတင်းမီဒီယာ များမှ ဗီဒီယို မှတ်တမ်းများ ရယူနေသည်ကို ဆေးရုံအုပ်ကြီးရုံးက အဆိုပါ သူနာပြုများကို ကြီးကြပ် တာဝန်ယူရသည့် တာဝန်ရှိ သူများက တွေ့ရှိသွားပြီး၊ ၎င်းတို့ကို ခေါ်ယူကာ စတစ်ကာများကို ဖြုတ်ခိုင်း၍ သတိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
          ““ကျွန်မတို့က ကိုယ့်ဘာသာ သဘောကျလို့ ကိုယ့်ဆန္ဒနဲ့ကိုယ် ယူကပ်တာပါ။ ဘယ်သူခိုင်းလို့မှ မဟုတ်ပါဘူး””ဟု သူနာပြု ကျောင်းသူ တစ်ဦးက The Messenger Media သို့ပြောသည်။
          ယင်းကဲ့သို့ သတိပေး ခဲ့သည့်နောက် စတစ်ကာများ ကိုဖြုတ်ကာ သမ္မတကြီး ဒုတိယသက်တမ်း ဆက်လက် ထမ်းဆောင် နိုင်ပါစေဟု ရေးသားထားသော ဗီနိုင်ပိုစတာနှင့် တကွ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီဟု ရေးသားထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဓာတ်ပုံကိုလည်း ကိုင်ဆောင်ကြိုဆို ခဲ့သည်။
          ပုသိမ်မြို့သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပုသိမ်သူနာပြု ကျောင်းသူ (၅၈)ဦးက ကြိုဆိုခဲ့သလို အစိုးရဌာနဆိုင်ရာ ၀န်ထမ်း သုံးထောင်ခန့် ကလည်း ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဓာတ်ပုံများ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။

Credit To >>> Messenger News 

No comments:

Post a Comment