Pages

14.10.15

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ အကျုံးမ၀င်ကြောင်း ထုတ်ပြန်

 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို   မတရားအသင်း အဖြစ်မှလည်း ကောင်း၊ အကြမ်းဖက်သူများအ ဖြစ်မှ လည်းကောင်း အကျုံးဝင် မှုမရှိတော့ကြောင်း နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။

အဆိုပါ တိုင်းရင်းသားလက် နက်ကိုင် ငါးဖွဲ့မှာ (၁) ကရင်အ မျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ (၂)ချင်းအမျိုး သားတပ်ဦး (CNF)၊ (၃) ဒီမိုက ရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ (၄) ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ (၅) ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) တို့ဖြစ် ကြသည်။
မတရားအသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မ တော်တောင်ပိုင်း (RCSS/SSA) တို့ကို သမ္မတအမိန့်ဖြင့် မတရား အသင်း အဖြစ်မှ ပယ်ဖျက် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့အပြင် RCSS/SSA နှင့် ABSDF တို့ကို အောက်တိုဘာ ၁၂ ရက်မှစ၍ အကြမ်းဖက်သူများ အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့် ထုတ်ပြန်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာ ချုပ်ကို အောက်တိုဘာ ၁၅ ရက် တွင် အစိုးရနှင့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
 
 
Credit To >>> 7Day News 

No comments:

Post a Comment