Pages

31.10.15

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိအဓိကကျသည့် ငလျင်ကြောတစ်ခု ပေါ်၌ တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေ

  မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြော (Earthquakes Belt) နှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ကြောပေါ်၌ တည်ရှိနေပြီး ငလျင် ပြင်းထန်ဇုန်တွင် ပါဝင်ကြောင်း ကယ်ဆယ်ရေး နှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ အယ်လ်ပိုက် ငလျင်ကြောသည် အနောက်ဘက် မက်ဒီဘာရေးနီးယမ် မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တာကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ ဟိမဝန္တာ ၊ မြန်မာနှင့် အင်ဒိုနီးရှားတို့ ထိရှိကြောင်း သိရသည်။
ြ မြန်မာနိုင်ငံတွင်ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံအနောက် မြောက်ဘက်ရှိအမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့ နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကျန်း ပြတ်ရွေ့ တို့ဖြစ်သည်။
မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားနယ်မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း ၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်း ကိုဖြတ်၍ မုတ္တမပင်လယ်ဝ ထိ ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာ ခန့်ရွေ့လျား နေကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ငလျင်ဘေး အပါအဝင် သဘာဝဘေး အမျိုးမျိုး ဖြစ်ပွားပေါ်ပေါက် လာပါက လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ၊ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီ ၁၁ ခုဖြင့် သဘာဝ ဘေးကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို လျင်မြန် ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
Credit To >>>> The MYAWADY  Daily 

No comments:

Post a Comment