Pages

29.10.15

သန်လျင်တံတား အသုံးပြုခကောက်ခံခွင့် တင်ဒါ ၂၀၁၆ မတ်လကုန်တွင် ပြန်လည်ခေါ်ယူမည်

သန်လျင်တံတားအသုံး ပြုခ ကောက်ခံခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား ၂၀၁၆ မတ် လမှသာ တင်ဒါခေါ်ယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။
တင်ဒါခေါ်ယူခြင်းကို ပြီးခဲ့ သည့် စက်တင်ဘာ နောက်ဆုံး ပတ်က ခေါ်ယူခဲ့သော်လည်း ရပ် ဆိုင်းခဲ့ပြီး လာမည့်နှစ် မတ်လ ၃၁ ရက်မှသာ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်အား တင်ဒါခေါ်ယူ မည်ဟု တင်ဒါခေါ်ယူရေးကော်မ တီက ဆိုသည်။

တင်ဒါအောင်သူသည် သုံး နှစ်သက်တမ်းလုပ်ကိုင်ခွင့်ရမည် ဖြစ်ပြီး ကြမ်းခင်းဈေးသတ်မှတ်မှု မှာ ယခင်ထက် မြင့်တက်မည်ဟု သိရသည်။
သန်လျင်တံတားအသုံးပြုခ ကောက်ခံခွင့်ကို ပုဂ္ဂလိက လုပ် ငန်းရှင်များအား တင်ဒါခေါ်ယူ ပေးအပ်ရန် ၂၀၁၃ က တစ်ကြိမ် စီစဉ်ခဲ့ဖူးပြီး ၂၀၁၅ တွင် ထပ်မံ စီစဉ်ခဲ့ရာ ကြမ်းခင်းဈေးကျပ်သိန်း ပေါင်း တစ်သိန်းထိ အစိုးရက သတ်မှတ်ပြီး တင်ဒါခေါ်ယူရန် စီ စဉ်ခဲ့သည်။ သို့သော် ကောက်ခံ ခွင့်ပုံစံပြောင်းလဲပြီး တင်ဒါခေါ်ယူခြင်းကိုလည်း စက်တင်ဘာ နောက်ဆုံးပတ်က ရပ်ဆိုင်းထား သည်။  လက်ရှိတွင် မြို့ဝင်ကြေး ကောက်ခံသောလုပ်ငန်း၊ တန်ပို ချိန်သော လုပ်ငန်း၊ သန်လျင်တံ တား ယာဉ်အသုံးပြုခ ကောက်ခံ သောလုပ်ငန်းများကို ဂိတ်သုံးခု ပေါင်းပြီး ပုံစံပြောင်းလဲကောက်ခံ နေသဖြင့် ယာဉ်ကြောပိတ်ဆို့မှု များဖြစ်ပေါ်နေပြီး ယာဉ်မောင်း များနှင့် ဂိတ်ကြေးကောက် ဝန် ထမ်းများ မကြာခဏ အချေအ တင်ဖြစ်ပွားနေရသည်။
၂၀၁၆ တွင် ခေါ်ယူမည့်တင် ဒါတွင် လုပ်ငန်းရှင်တစ်ဦးတည်းကလုပ်ငန်းအမျိုးအစားသုံးခုစလုံးလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။
 ယခင်က ဂိတ်ကြေးများ ကောက်ခံနေရာတွင် မြို့ဝင်ကြေး ကောက်ခံလုပ်ငန်းနှင့် တန်ပိုချိန် ခြင်းလုပ်ငန်းကို ရန်ကုန်မြို့ စည် ပင်သာယာရေးကော်မတီက လုပ် ကိုင်နေပြီး သန်လျင်တံတားယာဉ် အသုံးပြုခကောက်ခံခြင်းလုပ်ငန်း ကို မြန်မာ့မီးရထားဌာနက တာ ဝန်ယူလုပ်ကိုင်ခဲ့သည်။
 
 
Credit To >>> 7Day News 

No comments:

Post a Comment