
တရုတ်နိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့် ပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းမျှသည် အတုအပများ၊ အရည်အသွေးမမီသည့် အညံ့စားများ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နှစ်အတွင်း အွန်လိုင်းရောင်းဝယ်မှုကဏ္ဍနှင့် ပတ်သက်၍ ဥပဒေပြု အဖွဲ့အစည်းများ၏ လေ့လာမှုများကို ကိုးကားပြီး တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
တရုတ်တွင် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍ အလွန်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေသော်လည်း အရည်အသွေး အာမခံမှုအပိုင်းကို ကိုင်တွယ် ကြပ်မတ်ရာတွင် အားနည်းချက်များ ရှိနေဆဲဟု ဆိုသည်။
နိုဝင်ဘာ ၂ ရက်တွင် တရုတ်ထိပ်တန်း ဥပဒေအရာရှိများက ထုတ်ပြန်မှုအရ ပြီးခဲ့သည့် တစ်နှစ်လုံး၌ အွန်လိုင်းမှ ရောင်းချခဲ့သည့် ကုန်ပစ္စည်းများအနက် ၅၉ ရာခိုင်နှုန်းမျှသာ ကြေညာထားသည့်အတိုင်း အရည်အသွေး ပြည့်မီခြင်း၊ ပစ္စည်းစစ်မှန်ခြင်းတို့
ရှိခဲ့ကြောင်း သိရှိရသည်။
တရုတ် အစိုးရသည် နိုင်ငံ၏ အွန်လိုင်းဈေးဝယ်မှု နယ်ပယ်တွင် နာမည်ဆိုးထွက်နေခြင်းကို တွန်းလှန်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သေးဘဲ ဖြစ်နေသည်။ ဥပမာအားဖြင့် iPhoneကဲ့သို့ တန်ဖိုးကြီး
ထုတ်ကုန်များ၏ အတုအပပစ္စည်းများစွာကို တရုတ်အွန်လိုင်းဈေးကွက်တွင် အလွယ်တကူ ဝယ်ယူ၍ ရနေဆဲ ဖြစ်သည်။
တရုတ်အွန်လိုင်း အရောင်းအဝယ်ကုမ္ပဏီကြီးဖြစ်သည့် Alibaba

တရုတ်ရှေ့နေများက နိုင်ငံ၏ အွန်လိုင်းစီးပွားရေးနယ်ပယ် တိုးတက်မှုကို ပိုမိုသန့်ရှင်း အရည်အသွေး မြင့်လာစေရန်အတွက် လိုအပ်သော ဥပဒေပြုမှုများကို အလျင်အမြန် ဆောင်ရွက်သင့်ကြောင်း
တိုက်တွန်းထားသည်။ အွန်လိုင်းမှ အရောင်းအဝယ် ပြုလုပ်မှုသည် ပြီးခဲ့သည့်နှစ်က ၄၀ ရာခိုင်နှုန်းမျှ မြင့်တက်လာပြီး ယွမ်ငွေ ၂.၈ ထရီလီယံ (ဒေါ်လာ ၄၄၂ ဘီလီယံ နီးပါး) မျှထိ ရှိလာသည်။
တရုတ်တွင် အွန်လိုင်းမှ ဝယ်ယူသူများသည် ရောင်းချသူများ၏ အာမခံနိုင်စွမ်းနှင့် ပတ်သက်၍ မရေရာမှုများ ကြုံနေဆဲဖြစ်သည့်တိုင် အရောင်းအဝယ်ပြုလုပ်မှု ပိုမိုများပြားလာပြီး ယမန်နှစ်တွင် အွန်လိုင်းမှ
ပစ္စည်းမှာယူမှုသည် ယင်းမတိုင်မီနှစ်ထက် သုံးဆခွဲမျှ မြင့်တက်လာကြောင်းလည်း သိရှိရသည်။
Credit To >>> 7Day News
No comments:
Post a Comment