Pages

27.11.15

ဆီးရီးယားနိုင်ငံတွင် အမေရိကန်နှင့် အလုပ်အတူတွဲလုပ်မည်ဖြစ်ကြောင်း ရုရှားပြော


ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့ကို တိုက်ခိုက်ရန် အမေရိကန်နှင့် ၄င်း၏ လက်တွဲဖော်များကို ရုရှားနိုင်ငံအနေဖြင့် ပူးပေါင်းမည်ဖြစ်ကြောင်း၊ သို့သော် ထိုပူးပေါင်းဆောင်ရွက်ရာ တွင် တူရကီက ရုရှားဂျက်လေယာဉ်ကို ပစ်ချသကဲ့သို့ ထပ်မံ ဖြစ်ပေါ်လာမည်ဆိုပါက အန္တရာယ် ကျရောက်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောသည်။ ကရင်မလင် နန်းတော်တွင် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးသည့်နောက် သမ္မတ ပူတင်က တူရကီနိုင်ငံ၏ လုပ်ရပ်အပေါ် ဒေါသထွက်ကြောင်း ပြောခဲ့ပြီး ယင်းကဲ့သို့ လေယာဉ်ပစ်ချခံလိုက်ရခြင်းသည် နောက်ကျောမှ ဓါးဖြင့် ထိုးခြင်းဟု ရှုမြင်ကြောင်း ပြောသည်။

Credit To >>> Democracy News 

No comments:

Post a Comment