Pages

24.11.15

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ၈၈မျိုးဆက်-ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့်တွေ့ဆုံ ၍ ရွေးကောက်ပွဲကိစ္စရပ်များ၊ နောက်ထပ် အရေးကြီးသော ခြေလှမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး

 
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ၈၈မျိုးဆက်-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့်တွေ့ဆုံ ၍ ရွေးကောက်ပွဲကိစ္စရပ်များ၊ နောက်ထပ် အရေးကြီးသော ခြေလှမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ ကြောင့်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ၏ facebook စာမျက်နှာ ဖြစ်သည့် U.S Embassy Rangoon တွင် ဖော်ပြထားရှိသည်။

ယင်းအပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရပ်ဆယ်လ်က လက်ရှိဖြစ် ပွားနေသော စိန်ခေါ်မှုများသည် အသစ်တက်လာ မည့်အစိုးရချည်း သာ ရင်ဆိုင် ရန်မဖြစ်နိုင်သည့်အတွက် ၈၈မျိုးဆက်နှင့် အခြားသော အဖွဲ့အစည်း များသည် နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာတွင် အရေးပါသောအခန်း ကဏ္ဍများ မှနေ၍ ဆက်လက် ပူးပေါင်းပါဝင်သွားကြရ န် လိုကြောင်း ပြောကြားခဲ့သည်။
မြန်မာ့အသွင်ကူးပြောင်းရေးတွင် အမေရိကန် ကဆက်လက် အားပေး ကူညီသွားမည့်အကြောင်းလည်း ကတိပေးသွားခဲ့ပါသည် ဟု ဖော်ပြထားရှိသည်။

Credit To >>> Yangon Media  Group

No comments:

Post a Comment