မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ၂၀၁၆-
၂၀၁ရပညာသင်နှစ်အတွက် ကျောင်း သား၊ ကျောင်းသူဦးရေ ၃၂၀ ခန့်
လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အ တွက်
ကျောင်းသား၊ ကျောင်းသူဦးရေ ၃၂၀ ခန့်လက်ခံရာတွင် ရေ ကြောင်း
အင်ဂျင်နီယာပညာဘွဲ့အ တွက် ကျောင်းသား၊ ကျောင်းသူဦး ရေ ၆၀၊
ရေကြောင်းသိပ္ပံပညာဘွဲ့၊ ရေကြောင်းသိပ္ပံပညာဘွဲ့ (ဂုဏ်ထူး ဘွဲ့)အတွက်
ကျောင်းသား၊ ကျောင်း သူဦးရေ ၆၀၊ ရေယာဉ်တည်ဆောက် မှုပညာဘွဲ့အတွက် ကျောင်းသား၊
ကျောင်းသူဦးရေ ၄၀၊ ရေကြောင်း စက်မှုအင်ဂျင်နီယာပညာဘွဲ့အတွက် ကျောင်းသား၊
ကျောင်းသူဦးရေ ၄၀၊ ဆိပ်ကမ်းအင်ဂျင်နီယာပညာဘွဲ့အ တွက် ကျောင်းသား၊
ကျောင်းသူဦးရေ ၄၀၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင် ဂျင်နီယာပညာဘွဲ့အတွက်
ကျောင်း သား၊ ကျောင်းသူဦးရေ ၄၀ နှင့် လျှပ် စစ်နှင့် အီလက်ထရွန်နစ်ပညာဘွဲ့
အတွက် ကျောင်းသား၊ ကျောင်းသူဦး ရေ ၄၀ သတ်မှတ်လက်ခံ သွားမည် ဖြစ်ကြောင်း
သိရသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက
''ရေကြောင်းအင်ဂျင်နီယာနဲ့ ရေ ကြောင်းသိပ္ပံပညာအတွက် ကျောင်း သား၊ ကျောင်းသူ
၆ဝသတ်မှတ်ထား တာပါ။ ကျန်တဲ့ဘာသာရပ်တွေအ တွက်က ကျောင်းသား၊ ကျောင်းသူဦး ရေ
၄၀ ပဲ လက်ခံသင်ကြားပေးသွား မှာပါ။ ဒီပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်ပြီးသူ တွေ ထဲကနေ ပဏာမ ၃၂ရ ဦးကို ရွေးချယ်ထားတယ်''ဟု ပြောသည်။
အဆိုပါတက္ကသိုလ်မှ ၂၀၁၆- ၂၀၁ရပညာသင်နှစ်အတွက် အနည်း ဆုံး အမျိုးသား- ၄၇၈ မှတ်၊ အမျိုး သမီး- ၄၉၀ မှတ် သတ်မှတ်ထား ကြောင်း သိရသည်။
၎င်းက ''လာမယ့်ပညာသင် နှစ်အတွက် အနည်းဆုံးကျောင်းသား က ၄၇၈ မှတ်၊
ကျောင်းသူအတွက်က ၄၉၀ မှတ် သတ်မှတ်ထားတယ်။ ဒီ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်
စာမေးပွဲအောင်မြင်ပြီးသူတွေထဲက နေ ပဏာမ ၃၂ရ ဦးကိုရွေးချယ်ထားတယ်။
လူတွေ့စစ်ဆေးတာ ကိုတော့ မြန်မာ နိုင်ငံ ရေကြောင်းပညာတက္က သိုလ်မှာပဲ
လုပ်သွားမှာပါ''ဟု ပြော သည်။
၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ
အောင်မြင်ပြီးသူများအား ပဏာမလူတွေ့စစ်ဆေးခြင်း၊ ကျန်း
မာရေးစစ်ဆေးခြင်းများကို ယခုလ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း ပြုလုပ်
သွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy News
No comments:
Post a Comment