Pages

16.11.15

တောင်ကိုရီးယားတွင် အင်အား ၇၀၀၀၀ ခန့်ဆန္ဒပြအဓိကရုဏ်းဖြစ်ဒဏ်ရာရ သူ ၃၀ ဝန်းကျင်ရှိ


တောင်ကိုရီးယားတွင်အလုပ် သမားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြရာ ရဲကမျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းရည်များ၊ ရေ ပိုက်များ ကိုအသုံးပြု၍ ဆန္ဒပြသူများကို အုပ် စုခွဲသည်။
ထိုသို့ အုပ်စုခွဲရာမှဆန္ဒ ပြသူများနှင့်ရဲများအဓိကရုဏ်းဖြစ်သည်။
ထိုအဓိကရုဏ်းတွင် လူ ၃၀ ဝန်းကျင်ဒဏ်ရာရသည်ဟု ဒေသမီ ဒီယာက နိုဝင်ဘာ ၁၄ ရက်၌ဖော် ပြသည်။ ယခုဆန္ဒပြမှုသည် တောင် ကိုရီးယားတွင် ခုနစ်နှစ်အတွင်း ပြင်း ထန်ဆုံးဖြစ်သည်ဟု သိရသည်။
ဆန္ဒပြသူ ၇၀၀၀၀ ခန့်တို့ သည်ဆိုးလ်မြို့နေရာအနှံ့အပြားမှ မြို့တော်ခန်းမအနီးရှိ နယ်မြေသို့ ချီတက်ဆန္ဒပြကြသည်ဟု ရဲတပ်ဖွဲ့ အဆိုအရသိရသည်။ ထိုဆန္ဒပြမှု သည် ညပိုင်းအထိဆက်သည်။ ဆန္ဒ ပြသူတစ်ဒါဇင်ထက်မနည်းရဲကဖမ်း ဆီးထိန်းသိမ်းသည်။
ထိုဆန္ဒပြမှုဖြစ်မြောက်ရန် အ လုပ်သမားများ၊ အရပ်ဘက်အုပ်စု များနှင့် လယ်သမားအုပ်စုများက စည်းရုံးလှုံ့ဆော်သည်။
ဆန္ဒပြသူများ သည် ကွန်ဆာဗေးတစ်သမ္မတ ပါ့ခ် ဂွန်-ဟေး၊ သူမ၏စီးပွားရေးမိတ် ဆွေများအလိုကျ အလုပ်သမားမူ ဝါဒနှင့် ၂၀၁ရ ခုနှစ်မှစ၍ အသုံး ပြုမည့် ကျောင်းသုံးသမိုင်းစာအုပ် ထုတ်ဝေရန်ဆုံးဖြတ်ခြင်းတို့အပေါ် သဘောကွဲလွဲမှုရှိသောကြောင့် ဆန္ဒ ပြမှုဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများသည် မျက်နှာဖုံး စွပ်ထားသည်။ လက်ကိုင်နဖူးစည်း စာတန်းများကိုလည်း ကိုင်ဆောင် ထားသည်။
''ပါ့ခ်ဂွန်-ဟေးရာထူးမှ နုတ်ထွက်ပေး''''အလုပ်ဖြုတ်တာကို တို့မလိုလား''ဟူ၍လည်း ကြွေးကြော် သည်။ ဆန္ဒပြသူများသည် မြို့လယ် ရှိအဓိက လမ်းမကြီးတစ်လမ်းကို သိမ်းပိုက်ထားသည်။

Credit To >>> Democracy News 

No comments:

Post a Comment