Pages

25.11.15

သပိတ်ကျင်းတွင် ရွှေဆက်လက်တူးဖော်သူများကို သတ္တုတွင်းဥပဒေဖြင့် အရေးယူမည်


သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင် ရွှေ ကြောတွေ့ရှိသည့်သတင်းများ ထွက်ပေါ်ပြီး ဒေသခံများက မြေ စာခဲများတူးဖော်လျက်ရှိရာ နိုဝင်ဘာ ၂၅ နောက်ပိုင်း၌ ဆက်လက်တူးဖော်သူများကို သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့်အရေးယူတော့မည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။

‘‘အခုလိုတူးဖော်နေတာတွေဟာ ဥပဒေနဲ့မညီဘူး။ အဲဒီတော့ ဆက်ပြီးတူးဖော်တာတွေ မလုပ်ကြဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တွေက သတိပေးထားတာ ရှိပါတယ်။ အကယ်၍ သတ်မှတ်ကာလထက်ကျော်လွန်ပြီး တားမြစ်ချက်ကိုမလိုက်နာဘဲ ဆက်လက်တူးဖော်နေမယ်ဆိုရင်တော့ သတ္တုတွင်းဥပဒေပုဒ်မ (၃၀-ခ)နဲ့အရေးယူသွားမှာဖြစ်ပါတယ်’’ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီးဌာနဝန်ကြီးဦးသန်းစိုးမြင့်ကပြော သည်။
သပိတ်ကျင်းမြို့နယ် အုန်း ဇုန်းကျေးရွာအုပ်စု ကျောက်ဖျာ ကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်းဘေး အင်တောအတွင်း ဆက်သွယ်ရေးကေဘယ်ကြိုး သွယ်တန်းရန် မြေတူးရာမှ ရွှေ ကြောတွေ့သည်ဟုသတင်းထွက် ပေါ်ပြီး နိုဝင်ဘာ ၁၉ ရက်မှစ၍ ရာချီသောဒေသခံများက မြေစာခဲ များလာရောက်တူးဖော်နေကြ ခြင်းဖြစ်သည်။
ယင်းသို့  ရွှေတူးဖော်နေမှု များသည် ဥပဒေနှင့်မညီဘဲ နိုဝင် ဘာ ၂၅ ရက်ညနေ ၄ နာရီနောက် ပိုင်းမှစတင်ကာ ဆက်လက်ဝင် ရောက်တူးဖော်ခြင်းမပြုရန် ထွေ အုပ်၊ သစ်တောနှင့်သတ္တုတွင်းကဲ့ သို့ ဌာနဆိုင်ရာများကကြေညာ စာကပ်သတိပေးထားကြောင်း အဆိုပါနေရာတွင် ရွှေတူးဖော်နေ သည့် ဒေသခံများကပြောသည်။
‘‘ဒီဒေသမှာက စီးပွားရေး အဆင်မပြေကြဘူး။ အခုလို ရွှေကြောတွေ့တယ်ဆိုတော့ ဝမ်း သာအားရ စားဖို့သောက်ဖို့လေးပဲရရဆိုပြီး လာတူးကြတာ။ အခု ဆက်မတူးဖို့ တားမြစ်နေပြီ။ အ စိုးရဌာနဆိုင်ရာတွေက သံတူး ရွင်းလေးတွေ၊ ပေါက်ပြားလေး တွေနဲ့ တစ်နိုင်တစ်ပိုင်တူးတဲ့ ဒေသခံတွေကိုတော့ တားမြစ်ပိတ်ပင်တာတွေလုပ်တယ်။ သပိတ်ကျင်းမြို့နယ်ထဲမှာ ဘက်ဟိုးကြီးတွေ၊ စက်ယန္တရားကြီးတွေနဲ့ အကြီးအကျယ် တရားမဝင်ရွှေတူးနေတဲ့သူကျတော့ တားဆီးတာ၊ ဖမ်းဆီးတာတစ်ခါမှ မကြားရဘူး။ ဒါက မတရားပါဘူး’’ဟု သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာနေ ဒေါ်ရီမြင့်ကပြောသည်။
လွန်ခဲ့သည့်လများအတွင်း သပိတ်ကျင်းမြို့နယ်အတွင်း စက် ယန္တရားများဖြင့် တရားမဝင်ရွှေ တူးဖော်နေမှုများကို အရေးယူ ပေးရန် အစိုးရဌာနများသို့ အထောက်အထားများနှင့်တကွ တိုင်ကြားခဲ့သော်လည်း အရေးယူ မှုများမရှိခဲ့ဘဲ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသည့် ဒေသခံများကို သာ တားမြစ်ခြင်းမှာ အဂတိ လိုက်စားခြင်းဖြစ်သည်ဟု ဒေါ်ရီ မြင့်ကဆက်လက်ပြောကြားသည်။
ရွှေတူးဖော်နေမှုများ ရပ်တန့်ရန် စာထုတ်သတိပေးထားသော်လည်း လက်ရှိအချိန်ထိ ဒေသခံ ၂၀၀ ခန့်က နေ့ရောညပါ ရွှေတူးဖော်မှုများပြုလုပ်နေဆဲဖြစ်ပြီး အစိုးရဌာနဆိုင်ရာများက လာ ရောက်တားမြစ်ခြင်းမျိုးမရှိသေးကြောင်း အဆိုပါနေရာတွင် ရွှေတူးဖော်နေသူအချို့ကပြောသည်။

Credit To >>> 7Day News 

No comments:

Post a Comment