Pages

27.11.15

မန္တလေးတိုင်း ဒေသကြီးတွင် တစ်သောင်းကျပ် အတုဖြင့် ၄၇သိန်းကျော်ဖိုး ရွှေဝယ်ယူမှုဖြစ်ပွား


မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု ရုံးပင်ကုန်းရပ်ကွက်၊ အရုဏ်ဦး ရွှေဆိုင်တွင် ငွေကျပ် သိန်းပေါင်း ၄၇သိန်းကျော် တန်ဖိုးရှိ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းများကို ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများနှင့် လိမ်လည် ၀ယ်ယူသွားခဲ့မှု နိုဝင်ဘာလ ၁၇ရက် ညနေ ၄နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ လက်ပန်လှ အရုဏ်ဦး ရွှေဆိုင်သို့ သိကျွမ်းဟောင်း ကျွမ်းကျင်ဖြစ်သူ ကျည်တောက်ပေါက်ရွာနေ မင်းဇော်ဆိုသူ ရောက်ရှိလာပြီး ရွှေဈေးမေးမြန်းကာ မီးလင်းရွှေအခဲ ငွေကျပ် သိန်းပေါင်း ၅၀ဖိုး ၀ယ်ယူလိုကြောင်းပြောရာ ရွှေဆိုင်ပိုင်ရှင်ကို တေဇာထွန်းအောင်က မီးလင်းရွှေခဲဖြတ်စ AYOတံဆိပ် အမှတ်အသားပါ ရွှေချိန် ၆ကျပ် ၃၅/၃ရွေးအား ကျသင့်ငွေ စုစုပေါင်း ငွေကျပ်သိန်း ၄,၇၇၄,၀၀၀ကို ဘောင်ချာဖြတ် ရောင်းချပေးရာ မင်းဇော်မှ တစ်သောင်းတန် ငွေစက္ကူ အသစ်များဖြင့် ပေးချေခဲ့ကြောင်း သိရသည်။ ရွှေဆိုင်ပိုင်ရှင် ကိုတေဇာထွန်းအောင်၏ ဇနီးဖြစ်သူက ငွေစက္ကူများကို မသင်္ကာသဖြင့် ကျွမ်းကျင်သူ ဘဏ်ဝန်ထမ်း မိတ်ဆွေထံ သွားရောက်ပြသရာ ငွေစက္ကူအသစ် ကျပ်တစ်သောင်းတန် ၄၅၄ရွက်လုံး ငွေစက္ကူအတုများ ဖြစ်နေကြောင်း သိရသည်။

ရွှေလိမ်လည် ၀ယ်ယူသွားသူ မင်းဇော်အား လိုက်လံရှာဖွေရာ အမျိုးသား တစ်ဦးနှင့်အတူ မန္တလေးဘက် ဆိုင်ကယ်နှင့် မောင်းနှင်သွားကြောင်း သိရပြီး လက်ပန်လှ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားသူ မင်းဇော် (ခ) ၀င်းမင်းဇော်နှင့် အမည်မသိ အမျိုးသား တစ်ဦးအား စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ရေး အတွက် (ပ) ၁၅၂/၂၀၁၅ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/ ၁၀၆အရ အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

Credit To ><>> searchMYANMAR News 

No comments:

Post a Comment