
ရန်ကုန်မှဟောင်ကောင်သို့ထွက်ခွာသော Dragon လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်းသည် ငှက်အုပ်နှင့်တိုက်မိပြီး အရှေ့ဘက် မှန်ကွဲသွားသဖြင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ ၂၅ရက် နံနက် ၁နာရီ ၁၀မိနစ်အချိန်တွင် ရန်ကုန်လေဆိပ်မှ တရုတ် နိုင်ငံ ဟောင်ကောင်လေဆိပ်သို့ ထွက်ခွာသွားသော Dragon လေကြောင်းခရီးစဉ်အမှတ် KA-251လေယာဉ်အမျိုးအစား A-321 လေယာဉ်အမှတ် BHTF သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာပြီး ၁၅မိနစ်ခန့် ပျံသန်းပြီးနောက် ငှက်အုပ်နှင့်တိုက်မိပြီး လေယာဉ်၏ အရှေ့ဘက် မှန်ကွဲအက်သွားသဖြင့် ရန်ကုန်လေဆိပ်သို့ နံနက် ၁နာရီ ၄၀မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ရန်ကုန် လေကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ လေယာဉ်သည် ငှက်အုပ်နှင့်တိုက်မိပြီး ပြန်လည် ဆင်းသက်ခဲ့ရသဖြင့် အဆိုပါခရီးစဉ်အား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
Credit To >>> Democracy News
No comments:
Post a Comment