
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် ညောင်ပင်သာစခန်းရှိ အစိုးရ တပ်ရင်းတစ်ရင်းသို့ KIA ဗဟိုဌာနချုပ် (လိုင်ဇာ) မှ တပ်ကြပ်ကြီး အဆင့် (၁) ဦး၊ ဒုတပ်ကြပ် အဆင့် (၁) ဦး၊ တပ်သား အဆင့် (၁) ဦး၊ စုစုပေါင်း (၃) ဦးဖြစ်၊ တပ်မဟာ (၅) မုန်ဆန်ယန် မှ တပ်ကြပ် အဆင့် (၂) ဦး၊ တပ်သား အဆင့် (၁) ဦး၊ စုစုပေါင်း (၃) ဦး၊ တပ်မဟာ (၅) လက် အောက်ခံ ရင်း (၁၉) မှ တပ်သား အဆင့် (၅) ဦး၊ စုစုပေါင်း (၁၁) ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အလင်းဝင်လာသူ (၁၁) ဦးအနက် (၉) ဦးမှာ ရှမ်းလူမျိုးဖြစ်ပြီး ကျန် (၂) ဦးမှာ ကချင်လူမျိုး ဖြစ်သည်။ အလင်းဝင်ရောက်လာသူများသည် ဆင်ဘိုမြို့နယ် ညောင်ပင်သာကျေးရွာမှ ဖြစ်ပြီး ၎င်းတို့အားလုံးသည် KIA မှ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းခံကြရသော သူများဖြစ်သည်ဟု သိရသည်။ ယခုလို KIA ဌာနချုပ်မှရော တပ်မဟာ (၅) ဌာနချုပ်မှရော အစုလိုက်အပြုံလိုက် လက်နက်မဲ့ အလင်းဝင်ရောက်လာခြင်းကို ဒေသခံ ပြည်သူလူထုအနေဖြင့် များစွာ ကြည်နူးဂုဏ်ယူ မိပါကြောင်း ကြိုဆိုထောက်ခံပါကြောင်း ညောင်ပင်သာကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ဆိုသည်။
Credit To >>> ပြည်မြန်မာ News
No comments:
Post a Comment