Pages

13.11.15

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရမည့် အထူးလုပ်ငန်း ကုမ္ပဏီအဖြစ် MTI မှ ဝင်ရောက် မြှုပ်နှံသွားမည်

မြန်မာနိုင်ငံ၏ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းတစ်ခုဖြစ်သောအော်ရီဒူး အရောင်းပြခန်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရမည့် အထူးလုပ်ငန်း ကုမ္ပဏီတွင် MTI မှ ဝင်ရောက် မြှုပ်နှံသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

စတုတ္ထ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန် အထူးလုပ်ငန်း ကုမ္ပဏီ ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံသားများ သာပိုင်သော အများပိုင်ကုမ္ပဏီ ၁၁ ခု ပါဝင်ပြီး၊ ကုမ္ပဏီ တစ်ခုတည်းက အနည်းဆုံး ရှယ်ယာ ဒေါ်လာ ၃ သန်း ထည့်ဝင်ရမည် ဖြစ်ကြောင်း၊ ယင်းပမာဏထက်လည်း ပိုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
MPT နှင့် KDDI ပူးပေါင်းသကဲ့သို့ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတစ်ခု နှင့် ပူးပေါင်းရန်ဆက်လုပ်ပြီးလျှင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား စတင်သွားမည်ဟုသိရသည်။

Credit To >>> Xinhuamyanmar News

No comments:

Post a Comment