“နှိပ်စက်ခံရတဲ့ ကလေးငယ်ရဲ့ မိဘတွေကို ငွေဆယ်သိန်း နစ်နာကြေးပေးပြီး ကလေး အိမ်ခေါ်ထားမှုရယ်၊ အိမ်ခေါ်ထားတဲ့ ကလေးနှိပ်စက်ခံရတယ်ဆိုတာ အိမ်ရှင်ဗိုလ်မှူးကျော်နုမော်မှာ တာဝန်ရှိတယ်၊ ဒါကြောင့် သူ့ကို တပ်မတော်က စစ်ခုံရုံးဖွဲ့ စစ်ဆေးတယ်၊ အမျိုးသားလွှတ်တော်တာဝန်ကနေ ရပ်ဆိုင်းခဲ့ပြီး တပ်မတော်က အပြီးအပိုင် ထုတ်ပယ်လိုက်ပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး တပ်မတော်အသိုင်းအဝိုင်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
ကလေးကို ညှဉ်းပန်းနှိပ်စက်ခံသော အသက် ၄၂ နှစ် အရွယ်ရှိ အိမ်အကူ
အမျိုးသမီးကို ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားပြီး
ပါဝင်ပတ်သက်သူများ၏ စစ်ဆေးချက်များကို ကလေးသူငယ် နှိပ်စက်မှုတွင် တိုက်ရိုက်
စေခိုင်းသူ သို့မဟုတ် နောက်ကွယ်မှ စေခိုင်းသူအဖြစ်
ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါက တရားရုံးကထပ်မံအမှုဖွင့်
အရေးယူသွားမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
Credit to >>> The Voice Weekly
Credit to >>> The Voice Weekly
No comments:
Post a Comment