Pages

21.12.15

နိုင်ငံခြားပိုင်ကုမ္ပဏီများ စကျင်ကျောက်ထုတ်လုပ်ခွင့် နှစ် ၅၀ သက်တမ်းတိုးခြင်းကို ဒေသခံလုပ်ငန်းရှင်နှင့် တောင်သူများကန့်ကွက်



မန္တလေးတိုင်း မတ္တရာမြို့ နယ်ရှိ ဒေသခံများသည် တစ်နိုင် တစ်ပိုင်စကျင်ကျောက်ထုတ်လုပ် သည့် လုပ်ကွက်နည်းပါးလာသော ကြောင့် သမ္မတရုံးနှင့် သတ္တုတွင်း ၀န်ကြီးဌာနသို့ ၂၀၁၅ ဒီဇင်ဘာ တတိယပတ်တွင် တိုင်ကြားစာ တင်ပို့ထားကြောင်း ဒေသခံ စကျင်ကျောက်လုပ်ငန်းရှင်များ က ပြောသည်။
မတ္တရာမြို့နယ် စကျင်ကျေး ရွာ ကမ္မတောင်၌ စကျင်ကျောက် ထုတ်လုပ်သည့် PP Marble (Pacific Bold Paragon) ကုမ္ပဏီက စကျင်ကျောက်ထုတ် လုပ်ခွင့် နှစ် ၅၀ သက်တမ်းတိုးမှု သည် ဒေသခံကျောက်ဆစ်လုပ် ငန်းရှင်များ၏ အသက်မွေးဝမ်း ကျောင်း ထိခိုက်မှုရှိလာသော ကြောင့် ဝေါစု၊ လင့်စဉ်ကုန်း၊ မြွေပုန်းကန်နှင့် စကျင်ရွာစသည့် ရွာလေးရွာမှ ဒေသခံ ၇၀၀ ခန့်က ကန့်ကွက်ကြောင်း တိုင်ကြားစာ တင်ပြထားသည်။
ဒေသခံများ၏ ၈၀ရာခိုင်နှုန်း မှာ ကျောက်ဆစ်လုပ်ငန်းဖြင့် အ သက်မွေးဝမ်းကျောင်းကြသော် လည်း စကျင်ကျောက်ထုတ်လုပ် ရန် ၆၇ဒသမ ၁၂၇ ဧကသာရှိပြီး ဒေသခံမဟုတ်သော ကုမ္ပဏီများ မှာ ၆၇၉ ဒသမ ၇၉ ဧကရှိသဖြင့် ဆယ်ပုံတစ်ပုံ ကွာယဟနေ၍ ဒေသခံများ ကိုယ်ပိုင်ကျောက် တူးဖော်မှု အခက်အခဲများရှိလာ သည်ဟု ကျောက်ဆစ်လုပ်ငန်းရှင် ဦးဝင်းနိုင်က ပြောသည်။
‘‘ဒေသခံတွေ     စကျင် ကျောက်လုပ်ပိုင်ခွင့်က နည်းလာ တဲ့အပြင် ကျောက်ထုတ်တဲ့ တောင်ခြေမှာရှိတဲ့ ရွာသားတွေရဲ့ လယ်တွေထဲလည်း ကျောက်တွေ ကျလာတော့ အန္တရာယ်ရှိလာလို့  လယ်လုပ်ဖို့လုပ်သားငှားမရဘူး။ ကျလာတဲ့ ကျောက်တွေကိုလည်း ပြန်မဖယ်ပေးဘူး။ လယ်ထဲရှိတဲ့ နွားတွေ ပေါင်ကျိုးတာဖြစ်ခဲ့ဖူး တော့ ဒေသခံတွေ ၀ိုင်းကန့်ကွက် ကြတာပါ’’ဟု ဦးဝင်းနိုင်က ဆက် လက်ပြောသည်။
ယခင်က မတ္တရာမြို့နယ်ရှိ စကျင်ကျောက်ထုတ်လုပ်သည့် တောင်များကို အစိုးရပိုင်သတ္တု တွင်းဝန်ကြီးဌာနနှင့် နိုင်ငံခြား သားပိုင် ကုမ္ပဏီတို့ အကျိုးတူ ဆောင်ရွက်ခဲ့ကြသော်လည်း ပြီးခဲ့ သည့် သုံးနှစ်မှစ၍ ပုဂ္ဂလိကကုမ္ပ ဏီများက လွှဲပြောင်းယူခဲ့ပြီး လက်ရှိအထိ တူးဖော်နေသည့် နိုင်ငံခြားသားပိုင် ကုမ္ပဏီလုပ်ငန်း ရှစ်ခုနှင့် လျှောက်ထားဆဲကုမ္ပဏီ နှစ်ခုရှိကြောင်း ဒေသခံ စကျင် ကျောက်တူးဖော်သည့် လုပ်ငန်း ရှင်များက ပြောသည်။
ထို့ကြောင့် ကျောက်ထုတ် လုပ်ခွင့် သက်တမ်းတိုးရန် တင် ပြထားသည့် PPMarble ကုမ္ပဏီ ကို စကျင်ရွာပန်းတမော့ ပညာ ဆက်လက်ရှင်သန်နိုင်စေရန်နှင့် ဒေသခံများကျောက်ထုတ်လုပ် ခွင့်နယ်မြေကျဉ်းမြောင်းလာ သောကြောင့် ဒေသခံအများစုကို တစ်နိုင်တစ်ပိုင်ကျောက်ထုတ် လုပ်ခွင့် လိုင်စင်များချထားပေးပါ ရန် အသနားခံတိုင်ကြားစာ တင် ပြထားကြောင်း ဒေသခံကျောက် ဆစ်လုပ်ငန်းရှင်များထံမှ သိရ သည်။
‘‘ကျွန်တော်တို့ တခြားကုမ္ပ ဏီတွေကိုလည်း တိုင်ကြားဖူး တယ်။ အခုကုမ္ပဏီနဲ့ဆို ငါးကြိမ် မြောက်တိုင်ကြားတာပါ။ တိုင် လိုက်ရင် အစိုးရအဖွဲ့တွေက လာ ရောက်စစ်ဆေးတာတွေတော့ ရှိ တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေ တစ်ခါမှ မထွက်ခဲ့ဘူး။ ဒေသခံ တွေ မြင်သာအောင်ချပြခဲ့တာမျိုး မရှိခဲ့ပါဘူး’’ဟု စကျင်ရွာရှိ ဒေသခံကျောက်ဆစ်လုပ်ငန်းရှင် ဦးအောင်ထူးက ပြောသည်။
အဆိုပါ  စကျင်ကျောက် ထုတ်လုပ်ခွင့် နှစ် ၅၀ သက်တမ်း တိုးရန် PPMarble(Pacific Bold Paragon) ကုမ္ပဏီမှ တာဝန် ရှိသူကို   ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ် မရခဲ့ပေ။ မန္တလေးမြို့ရှိ စကျင် ကျောက်တော်ကြီးဘုရားကို အဆိုပါကျောက်ဆစ်ရွာရှိ ကမ္မ တောင်မှ ထုလုပ်ပူဇော်ခဲ့ခြင်းဖြစ် ပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက် နှင့် ထုလုပ်သည့် ဘုရားဆင်းတု တော်နှင့် ဘာသာရေးဆိုင်ရာ ရုပ်တုများကိုလည်း ယင်းစကျင် တောင်များမှ အများဆုံးထုလုပ် ပူဇော်ကြခြင်းဖြစ်သည်။

Credit To >>> 7Day News Journal

No comments:

Post a Comment