Pages

21.12.15

မိုဘိုင်းဖုန်းသုံးစွဲမှု အတိုးတက်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စတုတ္ထနေရာရှိ ဟုဆို

တစ်ကမ္ဘာလုံး၌ အသားတင်မိုဘိုင်းဖုန်းသုံးစွဲမှုတိုးရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံးငါးနိုင်ငံထဲတွင်ပါဝင် ကြောင်း Ericsson Myanmar ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အရှေ့တောင်အာရှနှင့် အပူပိုင်း ဒေသကျွန်းများ အတွင်းစမတ်ဖုန်းသုံးစွဲမှု၊ မိုဘိုင်း Broadband ၊ ကွန်ရက်ရရှိနိုင်မှုအစရှိသည်တို့ကို ဖော်ပြထားခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် တတိယသုံးလပတ်အတွင်း မိုဘိုင်းဖုန်းငါးသန်းသုံးစွဲမှုအသား တင် ရှိသည့်အတွက် တစ်ကမ္ဘာလုံးတွင်မြန်မာနိုင်ငံကို စတုတ္ထအဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အိန္ဒိယနိုင်ငံက အတိုးတက်ဆုံးဖြစ်ပြီး တရုတ်ကဒုတိယ၊ အမေရိကန်က တတိယ၊ မြန်မာကစတုတ္ထနှင့် နိုင်ဂျီရီးယားက ပဉ္ဓမ ဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။ ယင်းတို့နောက် ဘင်္ဂလားဒေ့ရှ်၊ အင်ဒို နီးရှား၊ အီသီယိုပီးယား၊ ကင်မရွန်း၊ မက္ကစီကို နိုင်ငံတို့ တွင်အတိုးတက်ဆုံးဖြစ်ကြောင်းဖော်ပြထားသည် ကိုတွေ့ရသည်။ လက်ရှိမြန်မာနိုင်ငံတွင် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အစ ရှိသည့်ဖုန်းအမျိုးအစားများကိုအသုံးပြုလျက်ရှိသည်။
“မြန်မာနိုင်ငံမှာသုံးစွဲနေတဲ့ ဒေတာအသုံးပြုမှုဟာ မိုဘိုင်းဖုန်းကနေသုံးစွဲတာများနေပြီး စင်ကာပူတို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဒေတာအသုံးပြုမှုဟာ ၀ိုင်ဖိုင်ကွန်ရက်ကနေများပါတယ်” ဟု Ericsson Myanmar ၏အကြီး အကဲ Mr Jan Wassenius ကပြောသည်။ မြန်မာတစ်နိုင်ငံ လုံးဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုများကို အော်ပရေတာသုံးခုမှ ၀န်ဆောင်ပေး လျက်ရှိပြီးယင်းတို့ မှာ MPT, Ooredoo, Telenor တို့ဖြစ်သည်။ လက်ရှိ စတုတ္ထမြောက်အော်ပရေတာလိုင်စင်အတွက် ဆောင်ရွက်လျက်ရှိသည်။

Credit To >>> Internet Journal

No comments:

Post a Comment