Pages

13.1.15

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ၂ နှစ်ဆက်တိုက်ရရှိ


၂၀၁၄ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (ဖီဖာဘလွန်းဒီအောဆု)ကို ရော်နယ်ဒိုက ၂ နှစ်ဆက်တိုက် ဆွတ် ခူးသွားသည်။
ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမာဆု လေးနှစ်ဆက်ရရှိ ထားသော မက်ဆီ၊ ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိရာတွင် အဓိက လက်စွမ်းပြခဲ့သော နူအာတို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံး သမားဆုကိုဆွတ်ခူးသွားခြင်း ဖြစ်သည်။ ရော်နယ်ဒိုအတွက် ကမ္ဘာ့အကောင်းဆုံးဆုမှာ သုံးကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ် သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဟင်းသီးဟင်းရွက်၊သစ်သီးဝလံယာဉ်များအပါအ၀င် အမြန်ရောက်ရန်လိုအပ်သည့်ယာဉ်များအား အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေ


ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေနှင့် ဖြတ်သန်းခွင့်ပြုရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီး အာရှခရီးစတင်


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ သီတင်းတပတ်ကြာ အာရှခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ရောမမြို့ကနေ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကက်သလစ်ဘာသာအနဲ့ ရင်းနှီးဖို့ကြိုးစားတဲ့တစိတ်တပိုင်းအဖြစ် ပုပ်ရဟန်းမင်းကြီးဟာ အာရှကိုဒုတိယအကြိမ်ခရီးထွက်ခြင်း ဖြစ်ပါတယ်။