Pages

12.5.15

မန်မာ ကျပ်ငွေ ဈေး နှုန်း ကျ ဆင်း ခြင်း နှင့်ပတ်သက်၍ ဗဟိုဘဏ်က စတင်အရေးယူ ဆောင်ရွက်ရန် စီစဉ် ….


 မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာကျပ်ငွေ ဈေးနှုန်း ကျဆင်းခြင်းအား အရေးယူ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ၌ ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပရာ မြန် မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ၊ ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ ၏ ငွေလဲလှယ် ကောင်တာများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ကျိုင်းလပ်မြို့ပြဖွံ့ဖြိုးရေးစီမံချက် အမြန်ရေးဆွဲအကောင်အထည်ဖော်ရန် သမ္မတညွှန်ကြား

 
 မြန်မာ-လာအိုချစ် ကြည်ရေးတံတားအနီးရှိ ကျိုင်း လပ်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ရန် မေလ ၁၁ ရက်တွင် ပြုလုပ်သည့် ကျိုင်းလပ်ဒေသဖွံ့ဖြိုးရေးအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆရာကြီးဦးသန်းဦးအား ဟာဝိုင်အီတက္ကသိုလ်က လူမှုအကျိုးပြုဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးအပ်

မြန်မာ့ပညာရေးလော ကတွင် ထင်ရှားသည့် အသက် (၈၈)နှစ်အရွယ် ဆရာကြီး ဦးသန်း ဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင် အီတက္ကသိုလ်က ပေးအပ်သော လူမှုအကျိုးပြုဂုဏ်ထူးဆောင်စာ ပေပါရဂူဘွဲ့ကို မေလ ၁၆ ရက် တွင် ကိုယ်တိုင်သွားရောက်လက် ခံရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။