အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့မှ ပင်တိုင်အဆိုတော် အငဲ၏ ပထမဆုံး တစ်ကိုယ်တော်ဖြစ်သည့် Live 90 ဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက်တွင် စမ်းချောင်း ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး 4HD နှင့် 5 SPECICAL ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် စတင်ပြသပေးမည် ဖြစ်ကြောင်း 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။