Pages

9.7.15

သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့များ စတင် မဲဆွယ်စည်းရုံးနိုင်



၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် သမ္မတ၊ ဒုတိယ သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ဇူလိုင်လ ၈ ရက်နေ့မှ စတင်ပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများ တရားဝင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်သည်။

ဆောက်လုပ်ရေး၊ စွမ်းအင်နှင့်ယန္တရားပြပွဲ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်ပြသမည်

မန္တလေးမြို့တွင် မိတ်ဆက်ကျင်းပသော ကွန်ဒိုပြပွဲတစ်ခုတွင် လေ့လာနေသူများကို တွေ့ရ စဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်၊မြန်မာတိုင်းမ်
နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ရေး၊ အဆောက်အအုံအလှဆင်ခြင်း၊ စွမ်းအင်နှင့်ယန္တရားပြပွဲကို
မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၀၀ ကျော်ပါဝင်ပြသသွား
မည်ဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲ ထပ်ဝင်မည့် သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ စည်းရုံးရေး လုပ်နိုင်ကြောင်း ကော်မရှင် ကြေညာ

 ရန်ကုန်၊ ဇူလိုင် ၈

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ထပ်မံယှဉ်ပြိုင်မည့် လက်ရှိ အစိုးရအဖွဲ့ဝင်များ ပါတီစည်းရုံးရေးလုပ်ငန်းများ စတင်ရန် ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

၉-၇-၂၀၁၅

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် ပြောကြားနေကျဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

သူတို့ ပြည်သူကို ကျောခိုင်းသွားကြပြီလား


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မများအား ဇူလိုင် ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် လျှို့ဝှက်မဲလက်မှတ် စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ လုံလောက်သော ထောက်ခံမဲ မရရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိဘဲ ဇယား (၂) နှင့် ဇယား (၅) တွင် ဖြည့်စွက်ချက် အသစ်များသာ ပြင်ဆင်နိုင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မများအား ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၃ ဦးက ငါးရက်ကြာ ဆွေးနွေးခဲ့ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များက ဥပဒေကြမ်းပါ ပြင်ဆင်ချက်များအပြင် ၎င်းတို့၏ ပါတီသဘောထား ပြင်ဆင်လိုသည့် ပုံစံများကို ဆွေးနွေးခဲ့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမူ ဇယားဖြည့်စွက်ချက်မှလွဲ၍ ကျန်ပြဋ္ဌာန်းချက် အားလုံးကို မူလအတိုင်းသာ ထားရှိရန် အစဉ်တစိုက် ဆွေးနွေးခဲ့သည်။
Credit to >>>Eleven Media Group