တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး၊ မထိုးရေး ဆုံးဖြတ်ချက်ချမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယနေ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်ကျင်းပရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သည်။
Pages
▼
29.9.15
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ် လက်နက်ကိုင် ၇ ဖွဲ့လက်မှတ်ထိုးရန် ဆုံးဖြတ်ပြီ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး၊ မထိုးရေး ဆုံးဖြတ်ချက်ချမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယနေ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်ကျင်းပရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သည်။
မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း ESIA စစ်တမ်းမှာ စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး လို့ဆို
သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်း
အကောင်အထည်ဖော်ရာမှာ လူမှုဘဝနဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုရှိမရှိ လေ့လာတဲ့
(ESIA) စစ်တမ်းမှာ စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အပြင်
ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်းတွေက
ဒီနေ့(စက်တင်ဘာလ ၂၉ ရက်)မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အိုင်အက်စ်အား လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ရန် ရုရှ စဉ်းစားနေ

အိုင်အက်စ်စစ်သွေးကြွအဖွဲ့အား အမေရိကန်နှင့် မဟာမိတ်များ ဆင်နွှဲလျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှနိုင်ငံပါဝင်ရန် စဉ်းစားလျက်ရှိကြောင်း သမ္မတဗလာဒီမာပူတင်က ပြောသည်။
မော်တော်ယာဉ် တင်သွင်းမှု က.ည.န စံတစ်ခု သတ်မှတ်မည်
မော်တော်ယာဉ် တင်သွင်းရာတွင်
မော်ဒယ်လ်နှစ် သတ်မှတ်ခြင်းနှင့် လမ်းစနစ်ဖြင့် ကိုက်ညီမည့်
မော်တော်ယာဉ်များ တင်သွင်းခြင်းများအတွက် ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က စံတစ်ခု သတ်မှတ်သွားမည်ဖြစ်ကြောင်း
ယင်းဌာနထံမှ သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်မြို့တွင် စတင်ဆွေးနွေး
တစ်နိုင်ငံလုံး
အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း၊
မရေးထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ
ထိပ်သီး ခေါင်းဆောင်များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးလျက် ရှိကြောင်း သတင်းရရှိသည်။