တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူ ညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်း အဖြစ်မှလည်း ကောင်း၊
အကြမ်းဖက်သူများအ ဖြစ်မှ လည်းကောင်း အကျုံးဝင် မှုမရှိတော့ကြောင်း
နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။
Pages
▼
14.10.15
တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့အား ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ဝေဖန်
တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့်
မိုင်းလားမြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့်
နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က
ဝေဖန်ပြောကြားသည်။
ဖုန်းဆင်းမ်ကတ်များ တရားဝင်မှတ်ပုံမတင်ထားသဖြင့် ဆိုက်ဘာရာဇဝတ်မှုများအတွက် သက်သေခံအဖြစ် အသုံးပြုရန်ခက်နေ
ဆိုက်ဘာရာဇဝတ်မှုများ အတွက် အရေးယူမှုများ ပြုလုပ် ရန်
သက်သေခံပစ္စည်းများအဖြစ် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအသုံး ပြုသူများ၏
အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ မှတ်ပုံတင်ထားနိုင်သည့် အချက်အ
လက်များ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်
ဆက်သွယ်ရေးနှင့် သတင်းအ ချက်အလက်နည်းပညာဌာန ဌာန မှူး ရဲမှူးကြီး
ထွန်းနေဝင်းက ပြောသည်။
အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် စစ်ရေးဖြင့် ဖိအားပေးသည့်လုပ်ရပ်ကို ကန့်ကွက်ကြောင်း SSPP ပြော
အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ် မရေးထိုးသဖြင့် စစ်ရေးနည်းဖြင့် ဖိအားပေးသည့် လုပ်ရပ်ကို လုံးဝ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးအပြီး သဘောထားထုတ်ပြန်လိုက်သည်။
ရုရှားနှင့် အမေရိကန်အပေါ် ဂျီဟတ်ဒ် ဆင်နွဲရန် IS တိုက်တွန်း

IS အဖွဲ့က ရုရှားနှင့် အမေရိကန်နိုင်ငံသားများအပေါ် ဂျီဟတ်ဒ် ပြုလုပ်ရန် တကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင် များကို တိုက်တွန်းလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။