အင်းစိန်(G T I) အစိုးရစက်မှု၊လက်မှု သိပ္ပံ ကျောင်းဝင်းအတွင်းရှိ ပြင်ပလုပ်ငန်းများလုပ်ငန်းများကို ဖယ်ရှားရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိုနှိုင်း သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားခဲ့သည်။
ဇန်ဝါရီ၂၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးနု ၏ မေးခွန်းဖြစ်သည့် အင်းစိန် ဂျီတီအိုင် ၀င်းပိုင် နယ်မြေအတွင်း မူလကျောင်း တော်၏ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်း ရန် အတွက် လက်ရှိ လုပ်ငန်းမျိုးစုံ အဖုံဖုံတို့အား အပြီး သတ် ဖယ် ရှားပေးမည့်အစီအစဉ်နှင့် အချိန်ကာလကို သိရှိလိုပါကြောင်း မေးမြန်ရာတွင် ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဟာ အနာဂတ် မပိုင်စိုး တဲ့အတွက် အနာဂါတ်ကို လွှဲပြောင်း တာဝန်ယူမယ့်သူတွေ အတွက် တော့ ကျွန်တော်တို့ဟာ လွှဲပြောင်း လက်ခံ လုပ်တဲ့အချိန်မှာ ဘယ်အထိတော့ ဆောင်ရွက်ပြီးပါပြီ၊ ဘာတွေတော့ ဆက်လက်ဆောင်ရွန်ရှိပါသေး တယ်ဆိုတာကို စနစ်တကျ လွှဲပြောင်းသွားမှာဖြစ်ပါကြောင်း တန်ပြန်မေးခွန်းအား အမျိုးသားလွှတ်တော် ဥက္ကဌ ကြီးမှ ရှင်းလင်း ဖြေကြားအပ်ပါတယ် ခင်ဗျား “ ဟု ဒေါက်တာဇော်မင်းအောင်က ဖြေကြားခဲ့သည်။
အင်းစိန် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသည် ၁၈၉၅ခုနှစ်က စတင်၍ အင်ဂျင်နီယာအတတ်ပညာကျောင်း အဖြစ် ဖွင့်လှစ် နိုင်ခဲ့ပြီး ၁၉၅၄ခုနှစ်မှာ စက်မှုသိပံ္ပအဆင့်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ၁၉၉၆ခုနှစ်မှာ သိပံ္ပနှင့်နည်းပညာဝန်ကြီး ဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
အဆိုပါ ကျောင်းဝင် မူလပိုင်မြေသည် ၄၁.၇၉၉၇ ဧကရှိကြောင်းနှင့်၁၉၈၈ခုနှစ်တွင် အကြောင်း မျိုးအမျိုး တို့ကြောင့် သိပံနှင့် နည်းပညာဝန်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင်သာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
ကျောင်းဝင်းအတွင်းရှိ အဆောက်အဦဟောင်း ၅၅ လုံးကိုလည်း နိုင်ငံတော်အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂၁/ ၂၀၁၇)ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်း ပေ အပ်ခဲ့ပြီး စည်ပင်မှလည်း ထိန်သိမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်း အောင်ကဖြေကြားခဲ့သည်။
လက်ရှိတွင် အစိုးရစက်မှု၊လက်မှု သိပ္ပံ၊ အင်းစိန် ကျောင်းဝင်းအတွင်း ရှိသော တာယာအရောင်းဆိုင်၊ ပုဂ္ဂလိက အထက်တန်ကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပြင် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီက အငှားချထားသည့် ဈေးဆိုင်များ၊ စည်ပင်သာယာဝန်ထမ်းအိမ်ရာများ၊ ရဲတပ်ဖွဲ့၊ ခရိုင်ကြက်ခြေနီ ရုံး၊ Wark Shop အလုပ်ရုံ၊လျှပ်စစ်သင်တန်း စသည်တို့သည် ရန်ကုန် မြို့တော် စည်ပင်သာရေးကော်မတီအဖွဲ့အစည်း၏ စီမံဆောင်ရွက်များ ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်း အောင်ကဖြေကြားခဲ့သည်။
Credit To >>> Mizzima News
No comments:
Post a Comment