Pages

18.2.16

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကားများကို Nissan တည်ဆောက်မည်

ဂျပန်ကားကုမ္ပဏီ Nissan သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကားများ တပ်ဆင်တည်ဆောက်မှုကို ယခုနှစ်တွင် စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံရပ်ခြားကုမ္ပဏီများ တစ်ဖွဲဖွဲ ဝင်ရောက်လျက်ရှိကြသည်။ ထိုကုမ္ပဏီများအနေဖြင့် လူဦးရေ ၅၁.၅ သန်းရှိသည့် အလားအလာကောင်းသော ဈေးကွက်တွင်းသို့ ဝင်ရောက်လာရန် စိတ်အားထက်သန် လျက်ရှိသည်။

ကားထုတ်လုပ်မှုကို ရန်ကုန်မြို့၏ အရှေ့မြောက် မိုင် ၅၀ အကွာ ပဲခူးမြို့ရှိ စက်ရုံသစ်သို့ မရွှေ့ပြောင်းမီ မလေးရှားကုမ္ပဏီ Tan Chong Motor Group နှင့်ပူးပေါင်းကာ စက်ရုံတစ်ခုတည်ဆောက်၍ ထုတ်လုပ်မှုကို စတင်မည် ဖြစ်ကြောင်း Nissan က ထုတ်ပြန်ခဲ့သည်။

Nissan သည် မြန်မာနိုင်ငံတွင် အကြီးဆုံးကားစက်ရုံတည်ဆောက်မည့် အစီအစဉ်ကို လွန်ခဲ့သည့် ၃ နှစ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း ၂၀၀ ကို မလေးရှားနိုင်ငံတွင် သင်တန်းပေးလျက်ရှိပြီး ကားအစီးရေ ၁၀,၀၀၀ ထုတ်လုပ်နိုင်မည့် ဝန်ထမ်းများအဖြစ် ရည်မှန်းထားကြောင်း Nissan က ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ကားများကို ပြည်တွင်း သို့မဟုတ် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချသွားမည့်အပေါ်ု ရှင်းလင်းစွာ မသိရှိရသေးပေ။

“Nissan အနေနဲ့ မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ်တိုးတက်မှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခွင့်ရတာ အလွန်ကျေနပ်မိပါတယ်” ဟုကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ တိုရုဟာစီဂါဝါက ပြောကြားခဲ့သည်။

ယခင်အစိုးရအတွက် ပြုလုပ်ထားသော နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုနှင့် သွင်းကုန်အခွန်များ ကြီးမြင့်မှုကြောင့် လူအများစုအတွက် ကားဈေးနှုန်းမြင့်မားလွန်းသော်လည်း လက်ရှိ အပြောင်းအလဲများအတွင်း ကားများအတွက် ဝယ်လိုအား မြင့်မားနေသည်။

နိုင်ငံအတွင်း ကားဈေးကွက်တိုးတက်မှု၏ သိသာသော အပြောင်းအလဲမှာ ယခင်က ခြောက်ကပ်နေသော လမ်းမများတွင် ကားများဖြင့် ပြည့်နှက်လျက်ရှိသည်။
Nissan သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကားများ စတင်ရောင်းချခဲ့သည်။ နှစ်နှစ်အကြာတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့မှုကို ဖြေလျော့ပေးခဲ့သည်။ စစ်တပ်အုပ်ချုပ်မှု ဆယ်စုနှစ်ငါးခု နောက်ပိုင်းတွင် နိုင်ငံ၏ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ ဖွင့်လှစ်ပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မတ်လတွင် အောင်ဆန်းစုကြည်၏ ဒီမိုကရေစီထောက်ခံအားပေးသည့် ပါတီ အစိုးရသစ်အဖြစ် ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး ဆက်လက်တိုးတက်ရန် မျှော်လင့်လျက်ရှိသည်။

ဂျပန်နိုင်ငံ၏ ကားကုမ္ပဏီ Suzuki သည်လည်း မြန်မာနိုင်ငံတွင် ကားများ ထုတ်လုပ်နေပြီ ဖြစ်သလို အမေရိကန်ကားကုမ္ပဏီကြီး Ford Moto အနေဖြင့် ရန်ကုန်တွင် ကားပြခန်း ဖွင့်လှစ်ထားသည်။

Credit To >>> Internet Journal

No comments:

Post a Comment