အစိုးရအဖွဲ့သစ် တွင်ပါဝင်မည့်ဝန်ကြီးများ လာဘ်မစားရန် ဒေါ်အောင်ဆန်းစုကြည် က အထူးမှာကြားကြောင်း အစိုး ရအဖွဲ့သစ်တွင် ၀န်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးကျော်ဝင်းက ပြောသည်။
‘‘လာဘ်မစားနဲ့။ အဂတိမ လိုက်စားနဲ့။ လာဘ်စားရင်၊ အဂ တိလိုက်စားရင် ထောင်ပဲနော်။ ရဲဘော်ရဲဘက် အနေနဲ့တော့ ထောင်ဝင်စာလာတွေ့မယ်။ ဒါအဓိကမှာကြားတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးလောင်း များကို အထူးမှာကြားကြောင်း ဦးကျော်ဝင်းက 7Day Daily သတင်းစာအား ပြောကြားသည်။
အဂတိကင်းစင်သော လူ့အ သိုင်းအ၀ိုင်းကို ဖော်ဆောင်မည် ဖြစ်ကြောင်း သမ္မတသစ်ဦးထင် ကျော်က လွှတ်တော်သို့ ရှင်းလင်း တင်ပြစဉ် ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်သည်။
မတ်လ ၂၂ ရက်က ကျင်းပ သော ပြည်ထောင်စုလွှတ်တော် သို့ နိုင်ငံတော်သမ္မတသစ်က အစိုးရအဖွဲ့သစ်တွင်ပါဝင်မည့် ၀န်ကြီးများအမည်စာရင်းကို တင်သွင်းခဲ့ သည်။ ယင်းစာရင်းတွင် ပါဝင်သူ ဦးကျော်ဝင်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် လျာထားခြင်းခံရကြောင်း သတင်း ထွက်နေသူလည်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အစိုးရအဖွဲ့သစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ၀န်ကြီးအဖြစ် ပါဝင်လာပြီး ၀န်ကြီး ၁၈ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခြောက်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ အရပ်သားပညာရှင် ခြောက်ဦး၊ တပ်မတော်မှ သုံးဦးတို့ ပါဝင်ကြသည်။
နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်သည် အဂတိတရား ကင်းရှင်း သော အစိုးရဖြစ်ရန် ကြိုးပမ်းသွား မည်ဟု ယင်းပါတီ၏ ဗဟိုအလုပ် အမှုဆောင်များကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အစိုးရသစ်သည် လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ သက် တမ်းကုန်ဆုံးမည့် မတ်လ ၃၀ ရက်နောက်ပိုင်းမှစတင်ကာ နိုင်ငံကို ငါးနှစ်တာအုပ်ချုပ်ရတော့မည် ဖြစ်သည်။
Credit To >>> 7 Day Daily
No comments:
Post a Comment