Pages

21.3.16

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်မြင်းခြံဒေသတို့အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁ဝ ထပ်မံထုတ်လုပ်ပေးရန် သဘောတူလက်မှတ်ရေးထိုး


ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလျက်ရှိသော မြင်းခြံဒေသတို့အတွက် လျှပ်စစ် ဓာတ်အားပံ့ပိုးပေးရန် စီမံကိန်းနှစ်ခုကို မြန်မာနိုင်ငံအတွင်း ရှိ ၂၃ဝ ကေဗွီမဟာဓာတ်အားလိုင်းအတွက် တစ်နှစ် ပတ်လုံး လျှပ်စစ်စွမ်းအင်ပံ့ပိုးပေးခဲ့သည့် VPower က တိုးချဲ့လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ 


စွမ်းအင်ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုဖြစ်သည့် VPower အုပ်စုက မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် မတ် ၁၁ ရက်က နေပြည်တော်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးသဘောတူစာချုပ်နှစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးလျက်ရှိသော မြင်းခြံဒေသတို့တွင် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နှစ် အောက်တို ဘာလအတွင်းက တင်ဒါအောင်မြင်၍ လုပ်ဆောင်ခွင့် ရရှိခဲ့ပြီးဖြစ်သည်။

ယခုအခါ ကျောက်ဖြူအဆင့် ၂ စီမံကိန်းကို တည် ဆောက်လျက်ရှိပြီး ယခုနှစ်နွေရာသီကာလအတွင်း လျှပ် စစ်ဓာတ်အားထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်ကာ မဂ္ဂါဝပ် ၉ဝ အထိ တိုးမြှင့်ထုတ်လုပ်လာနိုင်လိမ့်မည်ဖြစ်သည်။ ယခုဒုတိယအဆင့် တိုးချဲ့စက်ရုံ၏ ထုတ်လုပ်မှုမှရရှိလာ သည့် လျှပ်စစ်ဓာတ်အားများကို ပထမအဆင့်စက်ရုံမှ ထုတ်လွှတ်မှုများကဲ့သို့ပင် လက်ရှိတည်ရှိနေသည့် ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်းကွန်ရက်အတွင်း ထည့်သွင်းပို့ လွှတ်သွားမည်ဖြစ်သည်။ လက်ရှိတည်ရှိနေသည့် ဓာတ် အားပေးစက်ရုံကို ရက်ပေါင်း ၁၂ဝ အတွင်း တပ်ဆင် နိုင်ခဲ့ပြီး လူဦးရေခြောက်သန်းခန့်အား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်ပေးနိုင်သော စက်ရုံဖြစ်သည်။

ကျောက်ဖြူ ပထမအဆင့် ဓာတ်အားပေးစက်ရုံ အတွက် ဆောင်ရွက်ပေးသော Vpower အား ၂ဝ၁၅ သြဂုတ်တွင်Fast-track Power Plant of Year and Gas Power Project of the Year အဖြစ် Asia Power Awards ဆုကို အသိအမှတ်ပြု ချီးမြှင့်ပေးခဲ့သည်။ ကျောက်ဖြူဒေသသည် ရခိုင်ပြည်နယ်အတွင်းတည်ရှိသော အထူးစီးပွားရေးဇုန်ဒေသဖြစ်ပြီး ဧက ၄ဝဝဝ ကျော် ကျယ်ဝန်း၍ ယင်းစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများကို ပင်လယ်ထွက်ပေါက်မှတစ်ဆင့် ဆက်သွယ် ပေးနိုင်သည့် ဂိတ်ပေါက်ဝဖြစ်သည်။ 

မြင်းခြံဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး တိုင်းဒေသကြီးအတွင်းတည်ရှိသည်။ ထိုဓာတ်အားပေး စက်ရုံမှ အစိုးရပိုင်သံမဏိစက်ရုံသို့ ဓာတ်အားတိုက်ရိုက် ပေးမည်ဖြစ်ပြီး ပိုလျှံသောဓာတ်အားများကို မဟာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ တစ်နိုင်ငံလုံးသို့ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးမည်ဖြစ်သည်။ အဆိုပါ မြင်းခြံစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံတွင် အကြီးဆုံးသောcontainerized gas plant တစ်ခု ဖြစ်လာမည်ဖြစ်သည်။ 

အဆိုပါ ဓာတ်အားပေးစက်ရုံနှစ်ရုံမှ သမားရိုးကျ လောင်စာများအစား သဘာဝဓာတ်ငွေ့ကို အသုံးပြုခြင်း ကြောင့် ကုန်ကျစရိတ်များပိုမိုသက်သာပြီး သဘာဝပတ် ဝန်းကျင်ပျက်စီးမှုကိုလည်း လျော့ကျစေသည်။ VPower မှ ခေတ်မီGas Generator နည်းပညာများ သုံးကာ စွမ်းအင်ပိုမိုထုတ်လွှတ်ပေးနိုင်ပြီး ဈေးကွက်တွင် ကုန်ကျ စရိတ်အသက်သာဆုံးနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု အများဆုံး နည်းပညာတစ်မျိုးကိုသုံးထားခြင်းဖြစ်သည်။

''အရှေ့တောင်အာရှမှာ အလျင်မြန်ဆုံးတိုးတက် လာတဲ့ နိုင်ငံတွေထဲမှာ စွမ်းအင်ဖွံ့ဖြိုးဖို့ ပံ့ပိုးမှုတွေကို ဆတက်ထမ်းပိုး ဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ကျွန်တော် တို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်'' ဟု VPower ၏ ဒေသ ဆိုင်ရာ ဒါရိုက်တာKenny Li က ဆိုသည်။ 

''ကျွန်တော်တို့ရဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စက်တွေထဲမှာ အဆင့်မြင့်တဲ့MTU gas engines တွေအသုံးပြုထားပြီး စွမ်းအင်ထုတ် လွှတ်ရာမှာ အထိရောက်ဆုံး စွမ်းဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တည် ဆောက်မှုလျင်မြန်ပြီး ကုန်ကျစရိတ်သက်သာတဲ့ စွမ်းအင် ပြဿနာဖြေရှင်းရေးနည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ် စွမ်းအင်ပြည့်မီရေး ရေတိုရည်မှန်းချက်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ပါတယ်''ဟု ၄င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏမှာ နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်သေးသည်။ ထိုအချိန်တွင် VPower က မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူပြုနိုင်ရန် ပါဝင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယခုစီမံကိန်းများသည် VPower အတွက် မှတ်တိုင် သစ်များဖြစ်ပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖရိကရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများကဲ့သို့ပင် စွမ်းအင်ပံ့ပိုးမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံ အုတ်မြစ်များဖြစ်ပြီး ဒေသတွင်းလျှပ်စစ်ဓာတ်အားဖြည့် တင်းရေးကို ပံ့ပိုးပေးလျက်ရှိသည်။ VPower အနေဖြင့် ကာလတို၊ ကာလလတ် ဓာတ်အားပေးစက်ရုံများကို ကမ္ဘာတစ်ဝန်းရှိ အရေးပါသည့် ဖွံ့ဖြိုးဆဲဒေသများတွင် တည်ဆောက်လည်ပတ်နေပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ် ရေးကို ပံ့ပိုးပေးသည်။ ၂ဝဝ၁ ခုနှစ်က စတင်တည်ထောင် ခဲ့သော VPower သည် ဟောင်ကောင်တွင် ရုံးချုပ်ဖွင့် လှစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်း ၈ဝဝ ကျော်ဖြင့် လုပ်ကိုင်နေသော စွမ်းအင်ဖြည့်တင်းရေးလုပ်ငန်း ဖြစ်သည်။
Credit To >>> The Mirror Daily

No comments:

Post a Comment