Pages

18.3.16

အင်းဝဒေသသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်များလာရောက် လည်ပတ်မှုများပြား

ပူပြင်းသည့်နွေရာသီရောက်သည့်တိုင်အောင်အင်းဝဒေသသို့ နိုင်ငံတကာခရီးသွားဧည့်သည်များလာရောက်လေ့လာမှုအားကောင်းလျက်ရှိသည်။အင်းဝဒေသသည် မြစ်ငယ်မြစ်နှင့် ဧရာဝတီမြစ်အနားတွင် တည်ရှိသည့်အတွက် သွားလာမှုကောင်းပြီး သစ်ပင်ရိပ်များရှိခြင်းကြောင်း လည်ပတ်သွားလာမှုကောင်းသောဒေသပင်ဖြစ်သည်။
မန်ကျည်း ပင်တန်းများ၊ စိန်ပန်းပင်တန်းများနှင့်အတူ အခြားသစ်ပင်ရိပ်များစွာရှိနေပြီး နိုင်ငံတကာခရီးသွား
ဧည့်သည်များ အထူးစိတ်ဝင်စားသော သမိုင်းဝင်နေရာတစ်ခုအဖြစ် တည်ရှိနေသည်။
မန္တလေးမြို့အနောက်တောင်ဘက်မိုင်၂ဝ အကွာမြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီကရီ ၅၇ မိနစ်၊ ပင်လယ်ရေမျက်နှာပြင်
အထက် ၂၈၅ ပေ၊ ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံရာနေရာကို သွားလိုက်သည်နှင့် သမိုင်းဝင်စိတ်ဝင်စားဖွယ်ရာ အင်းဝမြို့ဟောင်းကို ရောက်ပြီဖြစ်
သည်။
ခရီးသွားဧည့်သည်များသည် သစ်ပင်လိုဏ်ဂူ တန်းဟု တင်စားထားသည့် အိုးတုတ္တန်းလမ်းကလေးမှ ဒုဋ္ဌဝတီမြစ်နဘေးသို့ သွားလေ့ရှိသည်။ ဝန်းကျင်
တွင် အင်းဝတံတားခေါ် စစ်ကိုင်းတံတားနှင့် ဧရာဝတီမြစ်အလှတို့ကဆီးကြိုလျက်ရှိသည်။ဒုဋ္ဌဝတီမြစ်ကမ်း အိုးတုတ္တန်းမှ စက်လှေဖြင့်ကူတို့
ကူးကာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံအလှကိုစစ်ကိုင်းတံတားနောက်ခံဖြင့် လှပစွာရှုမြင်နေရသည်။
စက်လှေပေါ်မှဆင်းကာ တစ်ဖက်ကမ်းသို့တက်လိုက်သည်နှင့် အမျိုးသားများသာမက အမျိုးသမီးများပါ မောင်းနှင်သည့် ၁၆ဝ ကျော်မျှရှိနေသော
မြင်းလှည်းများက ဆီးကြိုနေလေ့ရှိသည်။ သတိုးမင်းဖျားမှ သက္ကရာဇ် ၇၂၆ တွင် စတင်တည်ခဲ့ကာမင်းဆက် ၃၁ ဆက်ဖြင့် သက်တမ်းလေးရာခန့်ကြာ
မြင့်အောင် မြို့နန်းတည်ကာ ထီးနန်းစိုးစံခဲ့သည့်နေရာဖြစ်သည့်အားလျော်စွာ လေ့လာစရာစေတီများစွာဖြင့် ပြည့်နှက်လျက်ရှိသည်။ ခေတ်လေး
ခေတ်အဖြစ် ပိုင်းခြားတည်ရှိခဲ့ပြီး စာဆိုရှင်အကျော်အမော်များစွာ ထွက်ပေါ်ရာဒေသပင်ဖြစ်သည်။
ပထမအင်းဝခေတ်တွင် စာဆိုအကျော် ပထမမင်းခေါင်းကြီးမှစကာ မိညို၊ ဗညားဒလတို့နှင့် စာဆိုအကျော်အပါအဝင် ၂၅ ဦး၊ ဒုတိယအင်းဝခေတ်
တွင် တောင်ဖီလာဆရာတော်အပါအဝင် လက်ဝဲအနော်ရထာအထိ သမိုင်းဝင်စာဆိုတော် ၁၂ ဦး၊တတိယအင်းဝခေတ်တွင် လက်ဝဲသုန္ဒရအပါအဝင်
ဦးတိုးဦးလန်းဆိုသော စာဆိုအကျော် ၉ ဦး၊ စတုတ္ထအင်းဝခေတ်တွင် ဆရာတော်ဦးဗုဇ်အပါအဝင် ဖိုးသူတော်ဦးမင်း၊ လူဦးမင်းအထိ ယနေ့တိုင် နာမည်ထင်ရှားသော စာဆိုတော်များစွာ ထွက်ပေါ်ရာဒေသပင်ဖြစ်သည်။
လေ့လာမကုန်သောနေရာတစ်ခု၊ စိတ်ဝင်စားဖွယ်ရာနေရာတစ်ခုအဖြစ် ဒေသမြင်းလှည်းကလေးများဖြင့် သဘာဝကျစွာ စီးနင်းလေ့လာကြသည်။မြို့ရိုး၊ မျှော်စင်၊ နန်းတော်ဟောင်းရင်ပြင်နေရာများ၊လမ်းဘေးတစ်လျှောက်တွင် ခဲသင်ကျောင်းဘုရားစု၊ ဒေါ်ဂျမ်းဘုရားစုမှအစ အခြားလက်ရာမြောက်
စေတီပုထိုးများမှာ အင်းဝခေတ်လက်ရာမပျောက်မပျက် လေ့လာနိုင်သောနေရာပင် ဖြစ်သည်။
နာမည်ကျော်သစ်သားကျောင်းဖြစ်သည့် ဗားကရာကျောင်းကို အားထားလေ့လာသလို ဗိသုကာလက်ရာထူးခြားသည့် ဝင်္ကပါဘုရား၊ မြင့်မိုရ်တောင်ဘုရားတို့၏ လက်ရာများမှာ အံ့သြဖွယ်ပင်ဖြစ်နေသည်။
ထိုဒေသသည် စာဆိုရှင်များစွာထွက်ပေါ်ရာသူရဲကောင်းများစွာထွက်ပေါ်ရာနန်းတော်၊ အကြိမ်ကြိမ်တည်ဆောက်နန်းတည်ရာ၊ မြို့ရိုးသုံးထပ်ဖြင့်တည်ရှိရာ၊ ရှေးဟောင်းဘုရားခြောက်ရာကျော်တည်ရှိရာ၊ နံရံဆေးရေးပန်းချီ
များရှိရာနေရာ အင်းဝအဖြစ် ယနေ့တိုင်စိတ်ဝင်စားဖွယ်ရာတည်ရှိနေပါသည်။
Credit To >>> The Mirror Daily 

No comments:

Post a Comment