
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို နေ့စဉ်အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများသာမကနိုင်ငံခြားသားခရီးသွားများပါ လာရောက်လေ့လာလျက်ရှိပြီး ယင်းဒေသတွင်ရှေးဟောင်းအမွေ အနှစ်များပေါများသကဲ့သို့ ယဉ်ကျေးမှုမြန်မာ့ရိုးရာပန်းပုအနုပညာလက်ရာများ၊ ကြိုးဆွဲရုပ်သေးရုပ်များကိုခရီးသွားများက အထူးစိတ်ဝင်တစားလေ့လာကြသည်။
၂ဝ၁၆ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားတစ်ဦးကို ပုဂံဇုန်ဝင်ကြေးအနေဖြင့် မြန်မာငွေကျပ် ၂၅ဝဝဝ ပေးရမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များပေါများသော ပုဂံဒေသရောက် နိုင်ငံခြားသားခရီးသွားများမှာ ဒေသရှိတောင်သူလယ်သမားများ၏ ဒေသဝမ်းစာတောင်ယာလုပ်ငန်းခွင်ကို နေပူပူလာရောက်လေ့လာမှုနှင့်ပတ်သက်ပြီး ''ကျွန်တော်တို့အဖွဲ့က အမေရိကန်နိုင်ငံ၊ ဂျာမနီနိုင်ငံတွေက လာရောက်ကြတာပါ။
မြန်မာနိုင်ငံမှာ အခုဆိုရင် တောင်ယာလယ်လုပ်သူတွေဟာ ဖွံ့ဖြိုးတိုးတက် လာမှုနဲ့အတူ စက်ပစ္စည်းတွေကိုသာ အသုံးများလာတာ တွေ့ရပါတယ်။ အခု ပုဂံယဉ်ကျေးမှုဒေသကို လာရောက်လေ့လာတဲ့အခါမှာတော့ တောင်ယာလယ်လုပ်သူအတော်များများမှာ နွားတွေအသုံးပြုလုပ်ကိုင်နေတာ မြင်တွေ့ရတော့ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေတာပါ။ ကျွန်တော်တို့နိုင်ငံတွေမှာဆိုရင် အခုလိုသဘာဝအလှတရားတွေ ရှားပါးလာပါတယ်။ ပုဂံယဉ်ကျေးမှုဒေသမှာ လေ့လာရတာ အားရကျေနပ်မိပါတယ်''ဟု တောင်ယာလယ်လုပ်သူများအား လာရောက်လေ့လာသူ အမေရိကန်နိုင်ငံသားတစ်ဦးက ဆိုသည်။ ဂျာဏီခရီးသွားပို့ဆောင်ရေးကုမ္ပဏီမှ အခုလို နိုင်ငံခြားသားခရီးသွားတွေကို စိတ်ချမ်းသာစွာ ပို့ဆောင်ပေးနေတာပါ။ ပုဂံ ယဉ်ကျေးမှုဒေသမှာ နိုင်ငံခြားသား ခရီးသွားတွေ လေ့လာပြီးပါပြီ။ အခု မြိုင်၊ တောင်ကြီး၊ အင်းလေးဘက်ကို သွားရောက်လေ့လာကြမှာပါ။ ဒီလိုသွားနေရင် ကျေးလက်ဒေသများမှာ နေထိုင်ကြတဲ့ တောင်သူတွေ စိုက်ပျိုးမှုနဲ့ သူတို့ရဲ့ တောဓလေ့တွေကို လေ့လာမှတ်တမ်း တင်ဓာတ်ပုံရိုက်နေကြတာပါ''ဟု ညောင်ဦးမြို့နယ် အောက်ညဥ့်ကျေးရွာအနီး ကားရပ်တန့်ပြီး လေ့လာကြသော အဆိုပါကုမ္ပဏီမှယာဉ်မောင်း ဦးဇော်ဇော် ထံမှ သိရသည်။
Credit To >>> The Mirror Daily
No comments:
Post a Comment