ကုမ္ပဏီအက်ဥပဒေထွက်ရှိပြီးပါက ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် ကုမ္ပဏီလိုင်စင်များလျှောက်ထားရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“အခုဆိုရင် ကုမ္ပဏီအက်ဥပဒေပြင်တာ အရင်လုပ်နေတယ်။ ဥပဒေထွက် ပြီးလေး၊ ငါးလအတွင်း အွန်လိုင်းမှတ်ပုံတင်စနစ်ကို ကျင့်သုံးသွားမယ်” ဟု ၎င်းကဆိုသည်။
လတ်တလောတွင် ရင်းနှီးမြှုပ်နှံသူများပေးသည့် အချက်အလက်များကို ဌာနရှိဝန်ထမ်းများမှ ကွန်ပျူတာအတွင်းသို့ရိုက်ထည့်ရသောကြောင့် အမှားများရှိကြောင်း၊အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်ဖြည့်သည့်အချက် အလက်များမှာ ပို၍မှန်ကန်နိုင်သဖြင့် ဥပေဒေရေးဆွဲရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ကုမ္ပဏီအက်ဥပဒေပြင်ဆင်ခြင်းနှင့် အွန်လိုင်းမှတ်ပုံတင် စနစ်တည်ဆောက်ခြင်းကို အာရှဖွံဖြိုးရေးဘဏ်(ADB)က အကူအညီပေး လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment