ယနေ့(မတ်လ ၈ ရက်)တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ကို
ဂုဏ်ပြုသည့်အနေဖြင့် လေဒီယာ(Lydia)ဆေးကုမ္ပဏီက အမျိုးသမီးခရီးသည်များကို
အငှားယာဉ်(Taxi) အခမဲ့စီးနင်းခွင့်ပြုထားကြောင်း The Voice သတင်းထောက်က
သတင်းပေးပို့သည်။
ရန်ကုန်မြို့တွင်းသွားလာမှုအတွက် Taxi ၁၅ စီးဖြင့် ပြေးဆွဲပေးနေခြင်ဖြစ်ပြီး
အမျိုးသမီးများကို အခမဲ့လိုက်ပါစီးနင်းခွင့်ပြုထားကာ အမျိုးသားများကို
ဈေးနှုန်းထက်ဝက်လျှော့ချပေးထားသည်။
Lydia အမှတ်တံဆိပ် စတစ်ကာကပ်ထားသည့် Taxi များဖြင့် အမျိုးသမီးယာဉ်မောင်းများက မောင်းနှင်ပေးခြင်းဖြစ်သည်။
Credit To >>> The Vocie
No comments:
Post a Comment