Pages

1.4.16

အချိန်လုဆောင်ရွက်ခဲ့သည့် ဥပဒေနှစ်ခု ပြန်လည်ပြင်ဆင်ရေးဆွဲရန် သူရဦးရွှေမန်းဦးဆောင်သည့်ကော်မရှင် အကြံပြု

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက် တမ်းအတွင်း အချိန်လု၍ ဆောင် ရွက်ခဲ့ရသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဥပဒေ၊ စီမံကိန်းဥပဒေများကို လက်ရှိ လွှတ်တော်သက်တမ်း၌ အမြန် ဆုံးသုံးသပ်ပြင်ဆင်ရေးဆွဲသင့် ကြောင်း သူရဦးရွှေမန်းဦးဆောင် သည့် လွှတ်တော်ကော်မရှင်က အကြံပြုထားကြောင်း သတင်းရရှိ သည်။

မတ်လ ၃၀ ရက်တွင် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းဦးဆောင်သည့် ပြည် ထောင်စုလွှတ်တော်ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က အစိုးရသစ်လက်ထက်မဖြစ်မနေဖြေရှင်းဆောင်ရွက်ရမည့် အဓိက ကိစ္စရပ်များကို ကဏ္ဍအလိုက် သုံးသပ်၍အချက်ခြောက်ချက်ကို ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ အကြံပြုချက်ပေးပို့ခဲ့ရာ အထက်ပါအချက်ကိုလည်း ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ကဏ္ဍ ခြောက်ခုပါဝင်သော အကြံပြုတင်ပြချက်တွင် တည်ဆဲ ဥပဒေများအနက် ပြင်ဆင်၊ ပယ် ဖျက်၊ ရုပ်သိမ်းကာ အသစ်ပြန် လည်ရေးဆွဲရန် လိုအပ်သည့် ဥပဒေ ၁၄၂ ခုအပြင် ဆက်လက် ဆောင်ရွက်သွားရမည့် ဥပဒေများ ရှိကြောင်း တင်ပြချက်၌ပါရှိ သည်။
 တည်ဆဲဥပဒေသာရှိပြီး နည်းဥပဒေမရှိခြင်း၊ နည်းဥပဒေ ရှိပြီး အမိန့်ကြေညာချက်များမ ထုတ်ပြန်နိုင်သေးခြင်း၊ ထုတ်ပြန် ပြီးသော အမိန့်ကြေညာချက်များ မှာလည်း မူလဥပဒေနှင့် ကိုက်ညီ မှုမရှိခြင်း၊ လက်တွေ့လုပ်ဆောင် ၍မရခြင်း စသော ကိစ္စရပ်များအ ပေါ် ကော်မရှင်က သုံးသပ်ချက် များကိုလည်း တင်ပြထားသည်။
Credit To >>> 7 Day Daily

No comments:

Post a Comment