Pages

28.4.16

အစိုးရအသုံးစရိတ် ပြန်လည်သုံးသပ်မှုအစီရင်ခံစာ ပထမဆုံးအကြိမ် ထုတ်ပြန်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ စတင်ခဲ့သည့် ကာလတစ်လျှောက်တွင် အစိုးရ၏ အသုံးစရိတ် ပြန်လည်သုံး သပ်မှု အစီရင်ခံစာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်ကြောင်း နေပြည်တော်တွင် ပြု လုပ်သည့် ယင်းအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန် ကြီးဦးကျော်ဝင်းက ပြောကြားသည်။

ယခုထုတ်ပြန်လိုက်သော အစီရင်ခံစာ ပထမအဆင့်သည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အစိုးရအသုံးစရိတ်များကို သုံးသပ်ထားခြင်းဖြစ်ပြီး ယင်းသုံးသပ်မှုများမှ ထွက်ပေါ်လာသော အချက် အလက်များသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးဦးစားပေးမူဝါဒများအတွက် ဘတ်ဂျက်ရေးဆွဲမှုကို ပိုမိုနားလည်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါအစီရင်ခံစာတွင် ဘဏ္ဍာရေးမူဝါဒများရေရှည်တည်တံ့ရေး၊ ပြည်ထောင် စုရသုံးမှန်းခြေအစိတ်အပိုင်းများကို ပြန်လည်ညှိနှိုင်းခြင်း၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုပေးနိုင်မှု၊ အရည်အသွေးနှင့် ညီမျှမှုရှိစေရေးတို့ကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးတွင် အစိုးရအသုံးစရိတ်များ ထိရောက်စွာ သုံးစွဲခြင်းနှင့် ဒေသန္တရအဆင့် ဝန်ဆောင်မှုများအတွက် ဘဏ္ဍာရေးမူဘောင် များခိုင်မာစေခြင်း ဆိုသည့် အပိုင်းငါးပိုင်း အဓိက ပါဝင်သည်။
ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် အခွန်ကင်းလွတ်ခွင့်ပေးမှုများကို ပြန်လည် သုံးသပ်ရန်နှင့် အခွန်ကင်းလွတ်ခွင့်ပမာဏ မည်မျှအထိရှိသည်၊ ထိုအခွန်ကင်း လွတ်ခွင့်ကြောင့် အကျိုးသက်ရောက်မှု မည်မျှ ရှိသည်ကိုမူ ပြန်လည်စစ်ဆေးမှု များ မရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုဘတ်ဂျက် ပြင်ပရှိ အခြားငွေစာရင်း (Other Accounts) များကို တဖြည်းဖြည်း လျှော့ချသွားရန်နှင့် တပ်မတော်၏ အသုံး စရိတ်များကို သုံးသပ်ရန်နှင့် အကျိုးထိရောက်မှု မည်မျှရှိမည်တို့ကို ဖော်ထုတ်ရန် လိုကြောင်း အဆိုပါအစီရင်ခံစာတွင် အကြံပြုထားသည်။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင်လည်း အရည်အသွေး တိုးတက်မြင့်မား လာစေရန် စွမ်းဆောင်ရည်မြင့် သင်တန်းများပေးခြင်း၊ အိမ်ထောင်စုအလိုက် ကျန်းမာရေးအသုံးစရိတ်စစ်တမ်းကောက်ခြင်း စသည့် အချက်များလုပ်ဆောင် ရန် ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။
ယခုထုတ်ပြန်လိုက်သော ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ အစိုးရအသုံးစရိတ် ပြန် လည်သုံးသပ်မှု အစီရင်ခံစာကဲ့သို့ပင် နောက်ပိုင်းတွင် ဝင်ငွေရရှိမှုအပေါ်တွင် လည်း ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။
Credit To >>>  TheVoice Weekly

No comments:

Post a Comment