Pages

29.4.16

မြောက်ကိုရီးယားက ဒုတိယအကြိမ် တာတိုပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယားပြော

ကြာသပတေးနေ့တွင် မြောက်ကိုရီးယားနိုင်ငံသည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် စွမ်းအားပြင်း တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ရန် ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

မြောက်ကိုရီးယားသည် အရှေ့ဘက်ကမ်းခြေဒေသရှိ ၀န်ဆန်မှ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် မူဆူဒန်ဒုံးကျည်ဟု ယူဆရသော အရာကို ပစ်လွှတ်ခဲ့ပြီးနောက် အဆိုပါ ဒုံးကျည်သည် စက္ကန့်အနည်းငယ်ကြာပြီးနောက် ကမ္ဘာမြေပြင်သို့ ပြန်လည်ကျရောက်လာခဲ့ကြောင်း သိရသည်။
အရာရှိတစ်ဦးက “မအောင်မမြင်ခဲ့ဘူးလို့ ယုံကြည်ရပါတယ်” ဟုပြောသည်။ ပစိဖိတ်ကျွန်း ဂူအမ်ရှိ အမေရိကန် အခြေစိုင်စခန်းများအထိ ပစ်ခတ်နိုင်စွမ်းရှိသော မူဆူဒန်ဒုံးကျည်စမ်းသပ်မှုတစ်ခုထပ်မံပြုလုပ်ရန် မြောက်ကိုရီးယားနိုင်ငံက ပြင်ဆင်နေကြောင်း လွန်ခဲ့သော ရက်အနည်းငယ်အတွင် ထောက်လှမ်းရေး အစီရင်ခံစာများထွက်ပေါ်ခဲ့သည်။ 
Credit To >>> Democracy Today

No comments:

Post a Comment